Quran Apps in many lanuages:

Surah Al-Ahzab Ayahs #17 Translated in Burmese

وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
وَلَوْ دُخِلَتْ عَلَيْهِمْ مِنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
စင်စစ်သော်ကား ၎င်းတို့ထံ ယင်း ယတ်ဆရစ်ဗ် မြို့၏ ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ် စစ်သည်တို့သည်) ဝင်ရောက်ခဲ့ကြသော် ထို့နောက် ၎င်းတို့သည် ဖျက်ဆီးမှုပြုရန် (မုစ်လင်မ်တို့နှင့် တိုက်ခိုက်ရန်) တောင်းဆိုခြင်းကိုခံခဲ့ကြရသော် ၎င်းတို့သည် ထိုအိမ်များ၌ အနည်းငယ်မျှသာဆိုင်းငံ့ပြီး ရုတ်တရက်ချက်ချင်းပင်လျှင် ယင်းဖျက်ဆီးမှု (တိုက်ခိုက်မှု)ကို အမှန်ပင်လက်ခံပြုလုပ်ကြမည်သာ။
وَلَقَدْ كَانُوا عَاهَدُوا اللَّهَ مِنْ قَبْلُ لَا يُوَلُّونَ الْأَدْبَارَ ۚ وَكَانَ عَهْدُ اللَّهِ مَسْئُولًا
မချွတ်မလွဲ ၎င်းတို့သည် ရှေးဦးမဆွက ကျောခိုင်း၍ထွက်ပြေးကြမည်မဟုတ်ပါ ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့ပြီးဖြစ်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ စစ်ဆေးမေးမြန်းခံရအံ့သော ကတိဝန်ခံချက်ပင် ဖြစ်ချေသည်။
قُلْ لَنْ يَنْفَعَكُمُ الْفِرَارُ إِنْ فَرَرْتُمْ مِنَ الْمَوْتِ أَوِ الْقَتْلِ وَإِذًا لَا تُمَتَّعُونَ إِلَّا قَلِيلًا
အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊(အို-အချင်းတို့) အကယ်၍ အသင်တို့သည် သေဘေးမှသော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးမှ သော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြလေသော် အသင်တို့အား ယင်းထွက်ပြေးခြင်းသည် အလျှင်းအကျိုးရှိ စေမည်မဟုတ်ပေ။ ၎င်းပြင်ထိုအခါ အသင်တို့သည်(ထွက်ပြေးခြင်းဖြင့်) အနည်းငယ်မျှမှအပ အကျိုးခံစား ရမည်လည်း မဟုတ်ပေ။
قُلْ مَنْ ذَا الَّذِي يَعْصِمُكُمْ مِنَ اللَّهِ إِنْ أَرَادَ بِكُمْ سُوءًا أَوْ أَرَادَ بِكُمْ رَحْمَةً ۚ وَلَا يَجِدُونَ لَهُمْ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်အသင်တို့နှင့် ပတ်သက်၍ ဘေးအန္တရာယ် တစ်စုံတစ်ရာကိုရည်စူးတော်မူခဲ့သည်ရှိသော် မည်သူသည် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ ကာကွယ်စောင့်ရှောက်နိုင်အံ့နည်း။သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ကျေးဇူးတစ်စုံတစ်ရာကို ရည်စူးတော်မူခဲ့ပါလျှင် (မည်သူသည်ပိတ်ပင်တားဆီးနိုင်အံ့နည်း)။ ထိုမှတစ်ပါး ၎င်းတို့သည်အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့အဖို့ ကူညီအားပေးသူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေ။ ကာကွယ်သူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေတကား။

Choose other languages: