Quran Apps in many lanuages:

Surah Al-Ahzab Ayahs #16 Translated in Burmese

وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ مَا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا
ထိုမှတစ်ပါး အကြင်အခါဝယ် မုနာဖစ်က်အယောင်ဆောင်မုစ်လင်မ်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူတို့က အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်သည်လည်းကောင်း၊ ကျွန်ုပ်တို့အားဖြားယောင်းခြင်းမှတစ်ပါး မှန်ကန်သောကတိကို ပေးခဲ့ကြသည်မဟုတ် ဟု ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
وَلَوْ دُخِلَتْ عَلَيْهِمْ مِنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
စင်စစ်သော်ကား ၎င်းတို့ထံ ယင်း ယတ်ဆရစ်ဗ် မြို့၏ ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ် စစ်သည်တို့သည်) ဝင်ရောက်ခဲ့ကြသော် ထို့နောက် ၎င်းတို့သည် ဖျက်ဆီးမှုပြုရန် (မုစ်လင်မ်တို့နှင့် တိုက်ခိုက်ရန်) တောင်းဆိုခြင်းကိုခံခဲ့ကြရသော် ၎င်းတို့သည် ထိုအိမ်များ၌ အနည်းငယ်မျှသာဆိုင်းငံ့ပြီး ရုတ်တရက်ချက်ချင်းပင်လျှင် ယင်းဖျက်ဆီးမှု (တိုက်ခိုက်မှု)ကို အမှန်ပင်လက်ခံပြုလုပ်ကြမည်သာ။
وَلَقَدْ كَانُوا عَاهَدُوا اللَّهَ مِنْ قَبْلُ لَا يُوَلُّونَ الْأَدْبَارَ ۚ وَكَانَ عَهْدُ اللَّهِ مَسْئُولًا
မချွတ်မလွဲ ၎င်းတို့သည် ရှေးဦးမဆွက ကျောခိုင်း၍ထွက်ပြေးကြမည်မဟုတ်ပါ ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့ပြီးဖြစ်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ စစ်ဆေးမေးမြန်းခံရအံ့သော ကတိဝန်ခံချက်ပင် ဖြစ်ချေသည်။
قُلْ لَنْ يَنْفَعَكُمُ الْفِرَارُ إِنْ فَرَرْتُمْ مِنَ الْمَوْتِ أَوِ الْقَتْلِ وَإِذًا لَا تُمَتَّعُونَ إِلَّا قَلِيلًا
အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊(အို-အချင်းတို့) အကယ်၍ အသင်တို့သည် သေဘေးမှသော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးမှ သော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြလေသော် အသင်တို့အား ယင်းထွက်ပြေးခြင်းသည် အလျှင်းအကျိုးရှိ စေမည်မဟုတ်ပေ။ ၎င်းပြင်ထိုအခါ အသင်တို့သည်(ထွက်ပြေးခြင်းဖြင့်) အနည်းငယ်မျှမှအပ အကျိုးခံစား ရမည်လည်း မဟုတ်ပေ။

Choose other languages: