Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #25 Translated in Burmese

وَاذْكُرْ أَخَا عَادٍ إِذْ أَنْذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင် ထိုနောင်တော် အလျင်လည်းကောင်း၊ ထိုနောင်တော် နောက်တွင်လည်းကောင်း၊ သတိပေးနှိုးဆော်သူများသည် လွန်လေခဲ့ပြီး ဖြစ်ကြကုန်၏။ (ထိုနောင်တော်က)အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်ဟူ၍(သတိပေးနှိုးဆော်ခဲ့၏၊)
قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။
قَالَ إِنَّمَا الْعِلْمُ عِنْدَ اللَّهِ وَأُبَلِّغُكُمْ مَا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ထိုနောင်တော်က(ဤသို့)ပြောကြားခဲ့လေ၏။(အပြစ်ဒဏ်နှင့် စပ်လျဉ်း၍ တိကျသော) အသိပညာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ သာရှိ၏။ စင်စစ်သော်ကား ငါသည် အသင်တို့ထံ အကြင်အမိန့်တော်များကိုသာ ပို့ဆောင်၏။ငါသည် ယင်းအမိန့်တော်များနှင့်တကွ စေလွှတ်ခြင်းခံခဲ့ရလေ၏။ သို့ရာတွင် ငါသည် အသင်တို့အား အသိပညာကင်းမဲ့သော အမျိုးသားများအဖြစ် တွေ့မြင်ရပေသည်။
فَلَمَّا رَأَوْهُ عَارِضًا مُسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُمْ بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသ�န်းအံ့သော မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ယင်းသည် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသော(ပြစ်ဒဏ်ပင်)ဖြစ်၏။ (ယင်းသည်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်၏။ ယင်း လေပြင်းမုန်တိုင်း၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိပေသည်။
تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။

Choose other languages: