Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #164 Translated in Burmese

إِنْ يَنْصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِنْ يَخْذُلْكُمْ فَمَنْ ذَا الَّذِي يَنْصُرُكُمْ مِنْ بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။
وَمَا كَانَ لِنَبِيٍّ أَنْ يَغُلَّ ۚ وَمَنْ يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
၎င်းပြင်၊ မည်သည့် နဗီတမန်တော်တစ်ပါးမျှထိမ်ချန်လျှို့ဝှက်ခြင်း (သစ္စာမဲ့ခြင်း) မရှိခဲ့ပြီ။ အမှန်စင်စစ်သော်ကား မည်သူမဆို ထိမ်ချန်လျှို့ဝှက်ခဲ့ပါမူ ထိုသူသည်ရှင်ပြန်ထမည့်နေ့တွင် မိမိထိမ်ချန်လျှို့ဝှက်သောအရာများကို(အလ္လာဟ် အရှင်မြတ်၏ရှေ့တော်မှောက်သို့) ယူဆောင်လာအံ့။ထို့နောက် လူတိုင်းသည် မိမိရှာဖွေဆည်းပူး ခဲ့သမျှ(သောကုသိုလ် အကုသိုလ်၏အကျိုး)ကို အပြည့် အစုံရရှိကြလတ္တံ့။၎င်းပြင် ထိုသူတို့သည် မတရား ပြုခြင်းကို အလျင်း ခံကြရမည်မဟုတ်ချေ။
أَفَمَنِ اتَّبَعَ رِضْوَانَ اللَّهِ كَمَنْ بَاءَ بِسَخَطٍ مِنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۚ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်သောသူသည် အကြင် သူ(ယုတ်)ကဲ့သို့အဘယ်မှာလျှင် ဖြစ်နိုင်အံနည်း။ ထိုသူယုတ်သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုခံစားခဲ့ရ၏။ ထိုသူ၏ ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်၏။ ထိုငရဲဘုံသည် အလွန် ယုတ်ညံ့ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ပေသည်။
هُمْ دَرَجَاتٌ عِنْدَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
ထိုသူတို့အဖို့ အလ္လာဟ်အရှင်မြတ်ထံတော်၌အဆင့်အတန်း အမျိုးမျိုး ရှိကြကုန်၏။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော ကိစ္စအရပ်ရပ် တို့ကို ခွဲခြားသိမြင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِنْ أَنْفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့ထံသို့ ထိုသူတို့၏အ(မျိုးအစား)ထဲမှပင်အကြင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် မုချ ယင်းသူတို့အပေါ် (မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် ယင်းသူတို့ ရှေ့မှောက်ဝယ်အလ္လာဟ်အရှင်မြတ်၏ ဒေသနာ တော်များကိုလည်း ဖတ်ကြားလေသည်။ ထိုသူတို့အား (ပြစ်မှုဒုစရိုက်အပေါင်းတို့မှ) သန့်စင်အောင်လည်း ပြုချေသည်။ ၎င်းပြင် ယင်းသူတို့အား (အလ္လာဟ်အရှင်မြတ်၏) ကျမ်းဂန်တော်ကိုလည်းကောင်း၊ ထူးသောဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ သွန်သင်ပြသ သင်ကြားပို့ချလေသည်။ အမှန်စင်စစ် ၎င်းတို့သည် (ထိုရစူလ် တမန်တော်မပွင့်မီ) အလျင်က ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင်မုချဧကန် ရှိနေခဲ့ကြကုန်၏။

Choose other languages: