Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #111 Translated in Burmese

وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် (ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၍)မျက်နှာသန့်ရှင်းကြည်လင် ဖြူစင်သောသူတို့မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၌ ရှိကြ၍ ထိုကရုဏာတော်၌ပင်ထာဝစဉ် တည်နေကြမည့်သူများ ဖြစ်ကြပေသတည်း။
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِلْعَالَمِينَ
(အို-နဗီတမန်တော်) ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များတည်း။ ငါအရှင်မြတ်သည်ထိုမုခပါဌ်တော်များကို မှန်ကန်စွာဖြင့် အသင်အားကြားနာစေတော်မူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည်စကြာဝဠာ ခပ်သိမ်းတို့ကို အနည်းငယ်မျှပင် မတရားပြုရန်ကြံရွယ်တော်မူသည် မရှိချေ။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထို့ပြင်တဝ ကောင်းကင်ဘုံများနှင့် ပထဝီမြေဝယ် ရှိရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများသာ ဖြစ်ကြကုန်၏။ တဖန် အရေးကိစ္စဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြလတ္တံ့။
كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَهُمْ ۚ مِنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။အကယ်၍သာ (အထက်)ကျမ်းဂန်ရရှိသူတို့သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူ တို့အနက်မှ(အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင်ထိုသူများအနက် အများဆုံးသော သူများမှာမူကားအမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ)သာ ဖြစ်ကြပေသတည်း။
لَنْ يَضُرُّوكُمْ إِلَّا أَذًى ۖ وَإِنْ يُقَاتِلُوكُمْ يُوَلُّوكُمُ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ယင်း(ကျမ်းဂန်ရရှိသော) သူတို့သည်(မည်မျှပင်ရန်ရှာကြသော်လည်း) အသင်တို့အား အနည်းငယ်မျှသောအန္တရာယ်ဖြစ်စေနိုင်ရုံမျှမှအပ ဆုံးရှုံးနစ်နာ ပျက်စီးလေအောင်အလျင်းပြုနိုင်ကြမည် မဟုတ်ချေ။ တဖန် အကယ်၍သာယင်းသူတို့ သည် (တဆင့်တိုး၍) အသင်တို့နှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမူ၊ ယင်းသူတို့သည် အသင်တို့ဘက်သို့ ကျောခိုင်း၍ ထွက်ပြေးကြလတံ္တ။ ထို့နောက် ယင်းသူတို့သည် (မည်သူတစုံတယောက်သောသူ၏) ကူညီစောင်မခြင်းကိုမျှ ခံကြရမည်မဟုတ်ပေ။

Choose other languages: