Quran Apps in many lanuages:

Surah Yusuf Ayahs #88 Translated in Burmese

وَتَوَلَّىٰ عَنْهُمْ وَقَالَ يَا أَسَفَىٰ عَلَىٰ يُوسُفَ وَابْيَضَّتْ عَيْنَاهُ مِنَ الْحُزْنِ فَهُوَ كَظِيمٌ
ထို့နောက်၊ ထိုခမည်းတော်သည် ၎င်းတို့ဘက်မှမျက်နှာလွှဲခဲ့ပြီးလျှင် ဪ-ယူဆွဖ်၊ ဖြစ်မှဖြစ်ရလေခြင်းဟုပြောဆို(ညည်းညူ)ခဲ့လေသည်။ ၎င်းပြင် ယင်း၏မျက်စိနှစ်လုံးတို့မှာလည်း ဝမ်းနည်းပူဆွေးမှုကြောင့် ဖြူ၍သွားခဲ့လေသည်။သို့တစေလည်း ယင်းသည်(မိမိ)မျိုသိပ်လျက် ရှိနေခဲ့ရရှာလေသတည်း။
قَالُوا تَاللَّهِ تَفْتَأُ تَذْكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوْ تَكُونَ مِنَ الْهَالِكِينَ
ယင်း(သား)တို့က (အို-ခမည်းတော်) အလ္လာဟ်အရှင်မြတ်၏ကစမ်၊ အသင်ခမည်းတော်သည် ယူဆွဖ်အားအမြဲမပြတ် တမ်းတသတိရလျက်ပင်ရှိနေသည် ဖြစ်ရာ နောက်ဆုံးတွင်မူ အသင်ဖခင်သည် ကျန်းမာရေး ချွတ်ယွင်းသူသော်လည်းကောင်း၊ အသက်ဇီဝိန် ချုပ်ငြိမ်းသူသော်လည်းကောင်း၊ဖြစ်ရပါတော့မည် ဟုပြောဆိုကြကုန်၏။
قَالَ إِنَّمَا أَشْكُو بَثِّي وَحُزْنِي إِلَى اللَّهِ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
(ထိုအခါ) ယင်းခမည်းတော်သည်(ဤသို့) ပြောဆိုဖြေကြားခဲ့လေ၏။ ငါသည် အလ္လာဟ်အရှင်မြတ်၏အထံတော်၌သာလျှင် မိမိစိတ်သောကဖြစ်မှုကို လည်းကောင်း၊မိမိပူဆွေးမှုကိုလည်းကောင်း၊ လျှောက်ထားခြင်း ဖြစ်ပေသည်။စင်စစ်မှာမူကား ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှအသင်တို့ မသိကြသောအရာကို သိရှိရပေသတည်း။
يَا بَنِيَّ اذْهَبُوا فَتَحَسَّسُوا مِنْ يُوسُفَ وَأَخِيهِ وَلَا تَيْأَسُوا مِنْ رَوْحِ اللَّهِ ۖ إِنَّهُ لَا يَيْأَسُ مِنْ رَوْحِ اللَّهِ إِلَّا الْقَوْمُ الْكَافِرُونَ
အို-ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူဆွဖ်အားလည်းကောင်း၊ ယင်းယူဆွဖ်၏ညီငယ်အား လည်းကောင်း၊သွား၍ရှာဖွေ စုံစမ်းကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းကြကုန်လင့်။ ဧကန်မလွဲ ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းကြပေသတည်း။
فَلَمَّا دَخَلُوا عَلَيْهِ قَالُوا يَا أَيُّهَا الْعَزِيزُ مَسَّنَا وَأَهْلَنَا الضُّرُّ وَجِئْنَا بِبِضَاعَةٍ مُزْجَاةٍ فَأَوْفِ لَنَا الْكَيْلَ وَتَصَدَّقْ عَلَيْنَا ۖ إِنَّ اللَّهَ يَجْزِي الْمُتَصَدِّقِينَ
တစ်ဖန် ၎င်းတို့သည် ထိုယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ(ဤသို့)ပြောဆိုလျှောက် ထားခဲ့ကြကုန်၏။ အိုအဇီဇ်၊ကျွန်ုပ်တို့၌လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်သူအိမ်သားတို့၌လည်းကောင်း၊ (ငတ်မွတ်ခြင်း)ဘေးဒုက္ခသည် ဆိုက်ရောက်နေပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အနည်းငယ်မျှသောအရင်းအနှီးပစ္စည်းကိုသာ ယူဆောင်လာခဲ့ကြပါသည်။ သို့ပါ၍အသင်အဇီဇ်သည် ကျွန်ုပ်တို့အား (စားနပ်ရိက္ခာကို) အပြည့်ခြင်၍ပေးပါ။ ၎င်းပြင် ကျွန်ုပ်တို့ အပေါ်၌ မေတ္တာလည်းထားပါ။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မေတ္တာတရားထားရှိသူတို့အား အကျိုးကျေးဇူးကို ချီးမြှင့်တော်မူပါ၏။

Choose other languages: