Quran Apps in many lanuages:

Surah Yusuf Ayahs #87 Translated in Burmese

قَالَ بَلْ سَوَّلَتْ لَكُمْ أَنْفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ عَسَى اللَّهُ أَنْ يَأْتِيَنِي بِهِمْ جَمِيعًا ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
ထို(အခါ)ဖခင်က ထိုသို့အလျှင်းမဟုတ်။ အမှန်စင်စစ်မှာမူကား အသင်တို့၏ စိတ်နှလုံးသည် အသင်တို့အဖို့အမှုကိစ္စတစ်ခုကို ကြံစည်ဖန်တီးခဲ့ ခြင်းသာဖြစ်ပေသည်။သို့ဖြစ်ပေရာ သည်းခံခြင်းသာလျှင် အကောင်းဆုံးပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့အား ငါ့ထံသို့ ပြန်လည်ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရာ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَتَوَلَّىٰ عَنْهُمْ وَقَالَ يَا أَسَفَىٰ عَلَىٰ يُوسُفَ وَابْيَضَّتْ عَيْنَاهُ مِنَ الْحُزْنِ فَهُوَ كَظِيمٌ
ထို့နောက်၊ ထိုခမည်းတော်သည် ၎င်းတို့ဘက်မှမျက်နှာလွှဲခဲ့ပြီးလျှင် ဪ-ယူဆွဖ်၊ ဖြစ်မှဖြစ်ရလေခြင်းဟုပြောဆို(ညည်းညူ)ခဲ့လေသည်။ ၎င်းပြင် ယင်း၏မျက်စိနှစ်လုံးတို့မှာလည်း ဝမ်းနည်းပူဆွေးမှုကြောင့် ဖြူ၍သွားခဲ့လေသည်။သို့တစေလည်း ယင်းသည်(မိမိ)မျိုသိပ်လျက် ရှိနေခဲ့ရရှာလေသတည်း။
قَالُوا تَاللَّهِ تَفْتَأُ تَذْكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوْ تَكُونَ مِنَ الْهَالِكِينَ
ယင်း(သား)တို့က (အို-ခမည်းတော်) အလ္လာဟ်အရှင်မြတ်၏ကစမ်၊ အသင်ခမည်းတော်သည် ယူဆွဖ်အားအမြဲမပြတ် တမ်းတသတိရလျက်ပင်ရှိနေသည် ဖြစ်ရာ နောက်ဆုံးတွင်မူ အသင်ဖခင်သည် ကျန်းမာရေး ချွတ်ယွင်းသူသော်လည်းကောင်း၊ အသက်ဇီဝိန် ချုပ်ငြိမ်းသူသော်လည်းကောင်း၊ဖြစ်ရပါတော့မည် ဟုပြောဆိုကြကုန်၏။
قَالَ إِنَّمَا أَشْكُو بَثِّي وَحُزْنِي إِلَى اللَّهِ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
(ထိုအခါ) ယင်းခမည်းတော်သည်(ဤသို့) ပြောဆိုဖြေကြားခဲ့လေ၏။ ငါသည် အလ္လာဟ်အရှင်မြတ်၏အထံတော်၌သာလျှင် မိမိစိတ်သောကဖြစ်မှုကို လည်းကောင်း၊မိမိပူဆွေးမှုကိုလည်းကောင်း၊ လျှောက်ထားခြင်း ဖြစ်ပေသည်။စင်စစ်မှာမူကား ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှအသင်တို့ မသိကြသောအရာကို သိရှိရပေသတည်း။
يَا بَنِيَّ اذْهَبُوا فَتَحَسَّسُوا مِنْ يُوسُفَ وَأَخِيهِ وَلَا تَيْأَسُوا مِنْ رَوْحِ اللَّهِ ۖ إِنَّهُ لَا يَيْأَسُ مِنْ رَوْحِ اللَّهِ إِلَّا الْقَوْمُ الْكَافِرُونَ
အို-ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူဆွဖ်အားလည်းကောင်း၊ ယင်းယူဆွဖ်၏ညီငယ်အား လည်းကောင်း၊သွား၍ရှာဖွေ စုံစမ်းကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းကြကုန်လင့်။ ဧကန်မလွဲ ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းကြပေသတည်း။

Choose other languages: