Quran Apps in many lanuages:

Surah Yusuf Ayahs #90 Translated in Burmese

قَالَ إِنَّمَا أَشْكُو بَثِّي وَحُزْنِي إِلَى اللَّهِ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
(ထိုအခါ) ယင်းခမည်းတော်သည်(ဤသို့) ပြောဆိုဖြေကြားခဲ့လေ၏။ ငါသည် အလ္လာဟ်အရှင်မြတ်၏အထံတော်၌သာလျှင် မိမိစိတ်သောကဖြစ်မှုကို လည်းကောင်း၊မိမိပူဆွေးမှုကိုလည်းကောင်း၊ လျှောက်ထားခြင်း ဖြစ်ပေသည်။စင်စစ်မှာမူကား ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှအသင်တို့ မသိကြသောအရာကို သိရှိရပေသတည်း။
يَا بَنِيَّ اذْهَبُوا فَتَحَسَّسُوا مِنْ يُوسُفَ وَأَخِيهِ وَلَا تَيْأَسُوا مِنْ رَوْحِ اللَّهِ ۖ إِنَّهُ لَا يَيْأَسُ مِنْ رَوْحِ اللَّهِ إِلَّا الْقَوْمُ الْكَافِرُونَ
အို-ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူဆွဖ်အားလည်းကောင်း၊ ယင်းယူဆွဖ်၏ညီငယ်အား လည်းကောင်း၊သွား၍ရှာဖွေ စုံစမ်းကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းကြကုန်လင့်။ ဧကန်မလွဲ ကာဖိရ် သွေဖည်ငြင်းပယ်သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းကြပေသတည်း။
فَلَمَّا دَخَلُوا عَلَيْهِ قَالُوا يَا أَيُّهَا الْعَزِيزُ مَسَّنَا وَأَهْلَنَا الضُّرُّ وَجِئْنَا بِبِضَاعَةٍ مُزْجَاةٍ فَأَوْفِ لَنَا الْكَيْلَ وَتَصَدَّقْ عَلَيْنَا ۖ إِنَّ اللَّهَ يَجْزِي الْمُتَصَدِّقِينَ
တစ်ဖန် ၎င်းတို့သည် ထိုယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ(ဤသို့)ပြောဆိုလျှောက် ထားခဲ့ကြကုန်၏။ အိုအဇီဇ်၊ကျွန်ုပ်တို့၌လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်သူအိမ်သားတို့၌လည်းကောင်း၊ (ငတ်မွတ်ခြင်း)ဘေးဒုက္ခသည် ဆိုက်ရောက်နေပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အနည်းငယ်မျှသောအရင်းအနှီးပစ္စည်းကိုသာ ယူဆောင်လာခဲ့ကြပါသည်။ သို့ပါ၍အသင်အဇီဇ်သည် ကျွန်ုပ်တို့အား (စားနပ်ရိက္ခာကို) အပြည့်ခြင်၍ပေးပါ။ ၎င်းပြင် ကျွန်ုပ်တို့ အပေါ်၌ မေတ္တာလည်းထားပါ။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မေတ္တာတရားထားရှိသူတို့အား အကျိုးကျေးဇူးကို ချီးမြှင့်တော်မူပါ၏။
قَالَ هَلْ عَلِمْتُمْ مَا فَعَلْتُمْ بِيُوسُفَ وَأَخِيهِ إِذْ أَنْتُمْ جَاهِلُونَ
ထို(ရောအခါဝယ်) ယူဆွဖ်က (၎င်းတို့အား ဤသို့) ပြောဆိုမေးမြန်းခဲ့လေသည်။ အသင်တို့သည် မိမိတို့မသိမိုက်မဲသူများ ဖြစ်ခဲ့ကြစဉ်အခါက မိမိတို့သည် ယူစုဖ်နှင့်လည်းကောင်း၊ ယင်းယူဆွဖ်၏ ညီငယ်အားလည်းကောင်း၊ မည်သည့်အပြုအမူကို ပြုမူ ခဲ့ကြသည်ကို အသင်မှတ်မိကြသေးသလော။
قَالُوا أَإِنَّكَ لَأَنْتَ يُوسُفُ ۖ قَالَ أَنَا يُوسُفُ وَهَٰذَا أَخِي ۖ قَدْ مَنَّ اللَّهُ عَلَيْنَا ۖ إِنَّهُ مَنْ يَتَّقِ وَيَصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် အသင်သည်ပင် ယူဆွဖ်ဖြစ်ပါသလောဟု ပြောဆိုခဲ့ကြလေသည်။(ထိုအခါ)ထိုယူဆွဖ်က ကျွန်ုပ်ယူဆွဖ်ပင်ဖြစ်သည်။ ဤသည် ကျွန်ုပ်၏ညီတော်ပင်ဖြစ်သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် ကျေးဇူးပြုတော်မူခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်အံ့။ ၎င်းပြင် ခန္တီတရားထားရှိအံ့။ သို့ဖြစ်လျှင် အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောသီလကို ဆောက်တည်သူတို့၏ အကျိုးကျေးဇူးကို အချည်းနှီးဖြစ်စေတော်မူမည်မဟုတ် ဟုပြောကြားခဲ့လေသည်။

Choose other languages: