Quran Apps in many lanuages:

Surah Yusuf Ayahs #23 Translated in Burmese

وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ
ထို့နောက် ခရီးသည်တစ်စုသည် (ထိုရေ တွင်းရှိရာသို့) ရောက်ရှိလာခဲ့လေသည်။ တစ်ဖန် ထိုခရီးသည်တစ်စုသည် မိမိတို့၏ရေငင်သူအား (ထိုရေတွင်းမှရေငင်ရန် စေလွှတ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုရေငင်သူသည် (ရေ�ွင်း၌)မိမိရေပုံးကိုချခဲ့လေသည်။ (ထို့နောက်ယူစုဖ်ကို မြင်လေသော်)ထိုရေငင်သူက (ခရီးသည်တစ်စုအား ဤသို့ ဝမ်းသာအားရစွာဟစ်အော်၍) အို-(အချင်းတို့) ဤသည် တွင် (အလွန်ချောလှသော)လုလင်ပျိုတစ်ဦး (တွေ့ရှိရပေရာ) အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်တကားဟု ပြောဆိုခဲ့လေသည်။ ထို့နောက်ယင်းခရီး သည်တစ်စုသည် ထိုယူဆွဖ်အား ရောင်းကုန်ဝယ်ကုန်အဖြစ် လျှို့ဝှက်စွာထားရှိခဲ့ကြလေသည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ပြုမူလျက်ရှိသည်တို့ကိုကောင်းမွန်စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူခဲ့ပေသတည်း။
وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
وَقَالَ الَّذِي اشْتَرَاهُ مِنْ مِصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِنْ تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။
وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။
وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَنْ نَفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ထို့နောက် အကြင်မိန်းမသည် ယင်းယူဆွဖ်အား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့၍ မှူဆွယ်ခဲ့လေသည်။ ယင်းယူစုဖ်သည် ထိုမိန်းမ၏အိမ်တွင်(နေထိုင်လျက်ရှိခဲ့၏။) ၎င်းပြင် ထိုမိန်းမသည် တံခါးများကို (လုံခြုံစွာ)ပိတ်၍ (ယူဆွဖ်အား)လာပါလေ၊ (ကျွန်ုပ် အသင့်အဖို့အသင့်ရှိနေပြီ)ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့လေသည်။ (ထိုအခါ)ယင်းယူဆွဖ်က (ဤသို့)ပြောဆို(ငြင်းဆန်)ခဲ့လေသည်။ (ကျွန်ုပ်ဤပြစ်မှုကို ကျူးလွန်ခြင်းမှကင်းလွတ်ရန်) အလ္လာဟ်အရှင်မြတ်၏အကာအကွယ်ကို ယူလိုပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာပြုလုပ်ပေးသနား တော်မူခဲ့လေသည်။ ဧကန်အမှန် မတော်မတရား ကျူးလွန်သောသူတို့သည်အောင်မြင် ကြသည်မဟုတ်ပေ။

Choose other languages: