Quran Apps in many lanuages:

Surah Yusuf Ayahs #17 Translated in Burmese

قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
(ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။
قَالُوا لَئِنْ أَكَلَهُ الذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّا إِذًا لَخَاسِرُونَ
(ထိုအခါ နောင်တော်များက ဤသို့)လျှောက်ထားခဲ့ကြပြန်၏။ (အို-ဖခမည်းတော်) အမှန်စင်စစ် ကျွန်ုပ်တို့သည် ရင်းနှီးပွန်းတီး အားအင်တောင့်တင်း သောအုပ်စုတစ်စုပင်ဖြစ်ကြပါလျက် အကယ်၍ ထိုယူဆွဖ်အား ဝံပုလွေကိုက်စားခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးပါးသူများသာဖြစ်ကြပါလိမ့်မည်။
فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَنْ يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُمْ بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။
وَجَاءُوا أَبَاهُمْ عِشَاءً يَبْكُونَ
ထို့နောက် ယင်းနောင်တော်များသည် ၎င်းတို့၏ဖခမည်းတော်ထံသို့ ညမှောင်ခါစအချိန်တွင် ငိုကြွေးလျက်(ပြန်)လာခဲ့ကြလေသည်။
قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِنْدَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنْتَ بِمُؤْمِنٍ لَنَا وَلَوْ كُنَّا صَادِقِينَ
(ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။

Choose other languages: