Quran Apps in many lanuages:

Surah Yusuf Ayahs #106 Translated in Burmese

ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنْتَ لَدَيْهِمْ إِذْ أَجْمَعُوا أَمْرَهُمْ وَهُمْ يَمْكُرُونَ
ဤအကြောင်း အတ္ထုပ္ပတိ္တသည်ကား အကွယ်၌ရှိသော သတင်းများအနက်မှပင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်းအကြောင်း အတ္ထုပ္ပတိ္တကို အသင်(မုဟမ္မဒ်)ထံသို့ဝဟီဖြင့် ပေးပို့တော်မူလေသည်။ စင်စစ်တစ်မူကား ထိုသူတို့သည် မိမိတို့ အရေးကိစ္စကို တစ်စည်းတစ်လုံးတည်း ဆုံးဖြတ်စဉ်အခါ၌လည်းကောင်း၊ ထိုသူတို့သည် ကြံစည်လျက် ရှိနေကြစဉ်ခါ၌လည်းကောင်း၊ အသင်(မုဟမ္မဒ်)သည် ထိုသူတို့ထံ၌ ရှိခဲ့သည်မဟုတ်ပေ။
وَمَا أَكْثَرُ النَّاسِ وَلَوْ حَرَصْتَ بِمُؤْمِنِينَ
အမှန်စင်စစ် အသင်သည် (၎င်းတို့သက်ဝင် ယုံကြည်ကြရန်) မည်မျှပင်တပ်မက်ငြားလည်း (၎င်းတို့အနက်)အများဆုံးသောသူတို့မှာမူကား မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြမည်မဟုတ်ချေ။
وَمَا تَسْأَلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
အမှန်သော်ကား အသင်သည် ၎င်းတို့ထံမှ ဤတရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ဤ(ကုရ်အာန်ကျမ်းတော်)သည်ကား စကြာဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။
وَكَأَيِّنْ مِنْ آيَةٍ فِي السَّمَاوَاتِ وَالْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ
စင်စစ်မူကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မြောက်မြားစွာသော သက်သေလက္ခဏာများရှိကြပေသည်။ ၎င်းတို့သည် ယင်းသက်သေလက္ခဏာများဘက်မှ ဖြတ်ကျော်၍ သွားကြလေသည်။ သို့ရာတွင် ၎င်းတို့သည် ယင်းသက်သေ လက္ခဏာများ မျက်နှာလွှဲသွားသူများ ဖြစ်လျက် ရှိကြကုန်သတည်း။
وَمَا يُؤْمِنُ أَكْثَرُهُمْ بِاللَّهِ إِلَّا وَهُمْ مُشْرِكُونَ
စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုဘဲ သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေတကား။

Choose other languages: