Quran Apps in many lanuages:

Surah Yusuf Ayahs #108 Translated in Burmese

وَمَا تَسْأَلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
အမှန်သော်ကား အသင်သည် ၎င်းတို့ထံမှ ဤတရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ဤ(ကုရ်အာန်ကျမ်းတော်)သည်ကား စကြာဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။
وَكَأَيِّنْ مِنْ آيَةٍ فِي السَّمَاوَاتِ وَالْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ
စင်စစ်မူကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ မြောက်မြားစွာသော သက်သေလက္ခဏာများရှိကြပေသည်။ ၎င်းတို့သည် ယင်းသက်သေလက္ခဏာများဘက်မှ ဖြတ်ကျော်၍ သွားကြလေသည်။ သို့ရာတွင် ၎င်းတို့သည် ယင်းသက်သေ လက္ခဏာများ မျက်နှာလွှဲသွားသူများ ဖြစ်လျက် ရှိကြကုန်သတည်း။
وَمَا يُؤْمِنُ أَكْثَرُهُمْ بِاللَّهِ إِلَّا وَهُمْ مُشْرِكُونَ
စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုဘဲ သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေတကား။
أَفَأَمِنُوا أَنْ تَأْتِيَهُمْ غَاشِيَةٌ مِنْ عَذَابِ اللَّهِ أَوْ تَأْتِيَهُمُ السَّاعَةُ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ထိုသူတို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တစ်မျိုးသားလုံးကို) ဖုံးလွှမ်းမည့် ပြစ်ဒဏ်သည်သက်ရောက် မည်ကိုလည်းကောင်း၊ သို့တည်းမဟုတ် ယင်းသူတို့အမှုမဲ့ အမှတ်မဲ့ရှိနေကြစဉ် ကိယာမတ်သည် ရုတ်တရက်အားဖြင့် ဆိုက်ရောက် မည်ကိုလည်းကောင်း၊ စိုးရိမ်ခြင်းမရှိဘဲစိတ်ချ၍ နေကြလေသလော။
قُلْ هَٰذِهِ سَبِيلِي أَدْعُو إِلَى اللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا وَمَنِ اتَّبَعَنِي ۖ وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏ လမ်းစဉ်ဖြစ်ပေသည်။ ငါသည်(လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သည်။ ငါနှင့်တကွ၊ ငါ၏နောက်လိုက်တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌တည်ရှိနေကြပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်(ချို့တဲ့မှု အပေါင်းတို့မှ) သန့်ရှင်းစင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည် တစ်စုံတစ်ရာကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သောသူတို့မုရှ်ရစ်ကတို့အနက်မှ မဟုတ်ချေ။

Choose other languages: