Quran Apps in many lanuages:

Surah Yunus Ayahs #104 Translated in Burmese

وَمَا كَانَ لِنَفْسٍ أَنْ تُؤْمِنَ إِلَّا بِإِذْنِ اللَّهِ ۚ وَيَجْعَلُ الرِّجْسَ عَلَى الَّذِينَ لَا يَعْقِلُونَ
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိလျှင် မည်သူတစ်ဦးတစ်ယောက်မျှပင် အီမာန်သက်ဝင်ယုံကြည်နိုင်သည်မရှိချေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသိဉာဏ်ကို အသုံးမပြုသော သူတို့အပေါ်၌သာလျှင် မစင်ကြယ်မှုကို သက်ရောက်စေတော်မူချေသတည်း။
قُلِ انْظُرُوا مَاذَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا تُغْنِي الْآيَاتُ وَالنُّذُرُ عَنْ قَوْمٍ لَا يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊အဘယ်ကဲ့သို့သောအရာများရှိကြသည်ကို ကြည့်ရှုကြလေကုန်။စင်စစ်မူကား မယုံကြည်(လို)သောသူတို့အား သက်သေလက္ခဏာများသည်လည်းကောင်း၊ သတိပေး နှိုးဆော် ချက်များသည်လည်းကောင်း၊ အကျိုးပေးသည်မဟုတ်ချေ။
فَهَلْ يَنْتَظِرُونَ إِلَّا مِثْلَ أَيَّامِ الَّذِينَ خَلَوْا مِنْ قَبْلِهِمْ ۚ قُلْ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
သို့ပါလျက် ၎င်း တို့သည် မိမိတို့အလျင် လွန်လေပြီးခဲ့ကြသောသူတို့၏ ဘေးအန္တရာယ်များ ကဲ့သို့သော ဘေးအန္တရာယ်ကိုသာ မျှော်လင့်လျက် ရှိကြလေသလော။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား အချင်းတို့) ဤသို့ဖြစ်လျှင် အသင်တို့သည် မျှော်လင့်ကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ မျှော်လင့်သူတို့အနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြောကြားပါလေ။
ثُمَّ نُنَجِّي رُسُلَنَا وَالَّذِينَ آمَنُوا ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنْجِ الْمُؤْمِنِينَ
ထိုနောက် ငါအရှင်မြတ်သည် မိမိရစူလ် တမန်တော်များအားလည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်သောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူလေ့ရှိခဲ့သည်။ဤနည်းအတိုင်းပင် ငါအရှင်မြတ်အပေါ်၌ (ကယ်ဆယ်ရန်)တာဝန်တော် ရှိ၏။ ငါအရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား ကယ်ဆယ်တော်မူပေမည်။
قُلْ يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي شَكٍّ مِنْ دِينِي فَلَا أَعْبُدُ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ وَلَٰكِنْ أَعْبُدُ اللَّهَ الَّذِي يَتَوَفَّاكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။

Choose other languages: