Quran Apps in many lanuages:

Surah Yunus Ayahs #106 Translated in Burmese

فَهَلْ يَنْتَظِرُونَ إِلَّا مِثْلَ أَيَّامِ الَّذِينَ خَلَوْا مِنْ قَبْلِهِمْ ۚ قُلْ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
သို့ပါလျက် ၎င်း တို့သည် မိမိတို့အလျင် လွန်လေပြီးခဲ့ကြသောသူတို့၏ ဘေးအန္တရာယ်များ ကဲ့သို့သော ဘေးအန္တရာယ်ကိုသာ မျှော်လင့်လျက် ရှိကြလေသလော။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား အချင်းတို့) ဤသို့ဖြစ်လျှင် အသင်တို့သည် မျှော်လင့်ကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ မျှော်လင့်သူတို့အနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြောကြားပါလေ။
ثُمَّ نُنَجِّي رُسُلَنَا وَالَّذِينَ آمَنُوا ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنْجِ الْمُؤْمِنِينَ
ထိုနောက် ငါအရှင်မြတ်သည် မိမိရစူလ် တမန်တော်များအားလည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်သောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူလေ့ရှိခဲ့သည်။ဤနည်းအတိုင်းပင် ငါအရှင်မြတ်အပေါ်၌ (ကယ်ဆယ်ရန်)တာဝန်တော် ရှိ၏။ ငါအရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား ကယ်ဆယ်တော်မူပေမည်။
قُلْ يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي شَكٍّ مِنْ دِينِي فَلَا أَعْبُدُ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ وَلَٰكِنْ أَعْبُدُ اللَّهَ الَّذِي يَتَوَفَّاكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။
وَأَنْ أَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင်သည် မိမိမျက်နှာကို ဒီန်သာသနာတော်ဘက်သို့ သဒ္ဒါကြည်ဖြူစွာ လှည့်ထားပါလေ။ ထိုမှတစ်ပါး အသင်သည် မုရှ်ရစ်က် တို့တွင် အပါအဝင် မဖြစ်ပါလေနှင့် (ဟူ၍လည်း အမိန့်တော် ရရှိ၏။)
وَلَا تَدْعُ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُكَ وَلَا يَضُرُّكَ ۖ فَإِنْ فَعَلْتَ فَإِنَّكَ إِذًا مِنَ الظَّالِمِينَ
၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)

Choose other languages: