Quran Apps in many lanuages:

Surah Ya-Seen Ayahs #18 Translated in Burmese

إِذْ أَرْسَلْنَا إِلَيْهِمُ اثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍ فَقَالُوا إِنَّا إِلَيْكُمْ مُرْسَلُونَ
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။
قَالُوا مَا أَنْتُمْ إِلَّا بَشَرٌ مِثْلُنَا وَمَا أَنْزَلَ الرَّحْمَٰنُ مِنْ شَيْءٍ إِنْ أَنْتُمْ إِلَّا تَكْذِبُونَ
ထိုမြို့သူမြို့သားတို့က "အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ကြပေသည်။ စင်စစ် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် အသင်တို့အပေါ်၌ မည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးတော်မူသည် မဟုတ်ပေ။ အသင်တို့သည် မုသားပြောဆိုနေကြသည်သာ ဖြစ်သည်" ဟု ပြောဆိုခဲ့ကြကုန်၏။
قَالُوا رَبُّنَا يَعْلَمُ إِنَّا إِلَيْكُمْ لَمُرْسَلُونَ
ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။
وَمَا عَلَيْنَا إِلَّا الْبَلَاغُ الْمُبِينُ
သို့ရာတွင် ငါတို့အပေါ်၌မူကား (အလ္လာဟ်အရှင်မြတ်၏ အကြောင်းကြားချက်များကို အသင်တို့ထံ)ထင်ရှားစွာ ပို့ဆောင်ရန်တာဝန်မှတပါး အခြား တာဝန်မရှိပြီ။
قَالُوا إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِنْ لَمْ تَنْتَهُوا لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُمْ مِنَّا عَذَابٌ أَلِيمٌ
ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။

Choose other languages: