Quran Apps in many lanuages:

Surah Ya-Seen Ayahs #20 Translated in Burmese

قَالُوا رَبُّنَا يَعْلَمُ إِنَّا إِلَيْكُمْ لَمُرْسَلُونَ
ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။
وَمَا عَلَيْنَا إِلَّا الْبَلَاغُ الْمُبِينُ
သို့ရာတွင် ငါတို့အပေါ်၌မူကား (အလ္လာဟ်အရှင်မြတ်၏ အကြောင်းကြားချက်များကို အသင်တို့ထံ)ထင်ရှားစွာ ပို့ဆောင်ရန်တာဝန်မှတပါး အခြား တာဝန်မရှိပြီ။
قَالُوا إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِنْ لَمْ تَنْتَهُوا لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُمْ مِنَّا عَذَابٌ أَلِيمٌ
ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။
قَالُوا طَائِرُكُمْ مَعَكُمْ ۚ أَئِنْ ذُكِّرْتُمْ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
(ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။
وَجَاءَ مِنْ أَقْصَى الْمَدِينَةِ رَجُلٌ يَسْعَىٰ قَالَ يَا قَوْمِ اتَّبِعُوا الْمُرْسَلِينَ
ထိုအခါမြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေး၍လာခဲ့ပြီးလျှင် (ဤသို့)ပြောကြားခဲ့လေ၏။ "အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ရစူလ်တမန်တော်များ၏လမ်းကို လိုက်ကြလေကုန်၊

Choose other languages: