Quran Apps in many lanuages:

Surah Ya-Seen Ayahs #22 Translated in Burmese

قَالُوا إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِنْ لَمْ تَنْتَهُوا لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُمْ مِنَّا عَذَابٌ أَلِيمٌ
ထိုမြို့သူမြို့သားတို့က ပြောဆိုခဲ့ကြကုန်၏။ "အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား အမင်္ဂလာဟု ယူဆကြကုန်၏။ (သို့ဖြစ်ပေရာ)အကယ်၍ အသင်တို့သည် (ဆုံးမဩဝါဒပေးခြင်းကို)ရပ်စဲခြင်း မပြုကြပါလျှင် မုချအမှန် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့်ပစ်ပေါက်၍ သတ်ကြပေမည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့ထံမှ အသင်တို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း မလွဲဧကန် သက်ရောက်မည်ဖြစ်၏။
قَالُوا طَائِرُكُمْ مَعَكُمْ ۚ أَئِنْ ذُكِّرْتُمْ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
(ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။
وَجَاءَ مِنْ أَقْصَى الْمَدِينَةِ رَجُلٌ يَسْعَىٰ قَالَ يَا قَوْمِ اتَّبِعُوا الْمُرْسَلِينَ
ထိုအခါမြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေး၍လာခဲ့ပြီးလျှင် (ဤသို့)ပြောကြားခဲ့လေ၏။ "အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ရစူလ်တမန်တော်များ၏လမ်းကို လိုက်ကြလေကုန်၊
اتَّبِعُوا مَنْ لَا يَسْأَلُكُمْ أَجْرًا وَهُمْ مُهْتَدُونَ
အသင်တို့ထံမှ မည်သည့်အကျိုး (မည်သည့်အစား)ကိုမျှ တောင်းဆိုခြင်း မပြုကြသည့်ပြင် မိမိတို့ကိုယ်တိုင်လည်း တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ကြကုန်သော (ရစူလ်တမန်တော်)တို့၏လမ်းကို အသင်တို့ လိုက်ကြလေကုန်။
وَمَا لِيَ لَا أَعْبُدُ الَّذِي فَطَرَنِي وَإِلَيْهِ تُرْجَعُونَ
ကျွန်ုပ်တွင် မိမိအား ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် မည်သည့်အကြောင်း ရှိပါသနည်း။ အမှန်သော်ကား အသင်တို့(အားလုံး)သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရပေမည်။

Choose other languages: