Quran Apps in many lanuages:

Surah Ta-Ha Ayahs #84 Translated in Burmese

يَا بَنِي إِسْرَائِيلَ قَدْ أَنْجَيْنَاكُمْ مِنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ
အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့၊ ဧကန်အမှန်၊ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ ရန်သူ(၏ဘေးအန္တရာယ်)မှ ကယ်တင်တော်မူခဲ့လေပြီ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင်တို့အား(အသင်တို့၏)လက်ယာဘက်၌ရှိသော တူရ်မည်သောတောင်၏နံဘေး(သို့လာကြရန်) ချိန်းချက်တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်အသင်တို့အပေါ်၌ မန္န(မုန့်ချိုတစ်မျိုး)ကိုလည်းကောင်း၊စလ်ဝါ(ငုံးသတ္တဝါတစ်မျိုး)ကိုလည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသည်။
كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ وَلَا تَطْغَوْا فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِي ۖ وَمَنْ يَحْلِلْ عَلَيْهِ غَضَبِي فَقَدْ هَوَىٰ
အသင်တို့သည် ငါအရှင်မြတ်က အသင်တို့ အားချီးမြှင့်ပေးသနားတော်မူခဲ့သည့် စင်ကြယ်သန့်ရှင်းသော (စားဖွယ်များ)ကို စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည်ဤသည်နှင့်စပ်လျဉ်း၍ စည်းကမ်း မကျူးလွန်ကြကုန်လင့်။သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ အမျက်တော်သည်အသင်တို့၌ သက်ရောက်မည်ဖြစ်ပေသည်။ စင်စစ်မူကားမည်သူမဆို ငါအရှင်မြတ်၏အမျက်တော်သည် ထိုသူ၏အပေါ်၌ သက်ရောက်ခဲ့မူ ဧကန်မလွဲ ထိုသူသည် (ဂျဟန္နမ် ငရဲဘုံသို့)ကျသွားပေမည်။
وَإِنِّي لَغَفَّارٌ لِمَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ
သို့ရာတွင် အကြင်သူ နောင်တတရားရရှိခဲ့သည့်ပြင်(အလ္လာဟ်အရှင်မြတ်အားလည်း) သက်ဝင်ယုံကြည်ခဲ့ပေသည်။ ထိုမှတစ်ပါး ကောင်းမြတ်သောအကျင့်သီလများကိုလည်းကျင့်မူ ဆောက်တည်ခဲ့ပေသည်။ ထို့နောက် တရားလမ်းမှန်ပေါ်၌ တည်ရှိနေခဲ့၏။ ထိုသူအား ငါအရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်တော်မူ၏။
وَمَا أَعْجَلَكَ عَنْ قَوْمِكَ يَا مُوسَىٰ
၎င်းပြင် အို-မူစာ၊ မည်သည့်အရာသည် အသင့်အား မိမိအမျိုးသားတို့ထက် ဦးစွာလာရောက်စေခဲ့ပါသနည်း။
قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ
ယင်းမူစာက (ဤသို့)လျှောက်ထားခဲ့လေသည်။၎င်းတို့သည် ဤမှာ ကျွန်တော်မျိုး၏နောက်၌ပင် လိုက်ပါခဲ့ကြပါသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူ သောအရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ်ကျေနပ် တော်မူပါရန် အလျင်လာခဲ့ခြင်းပင်ဖြစ်ပါသည်။

Choose other languages: