Quran Apps in many lanuages:

Surah Ta-Ha Ayahs #86 Translated in Burmese

وَإِنِّي لَغَفَّارٌ لِمَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ
သို့ရာတွင် အကြင်သူ နောင်တတရားရရှိခဲ့သည့်ပြင်(အလ္လာဟ်အရှင်မြတ်အားလည်း) သက်ဝင်ယုံကြည်ခဲ့ပေသည်။ ထိုမှတစ်ပါး ကောင်းမြတ်သောအကျင့်သီလများကိုလည်းကျင့်မူ ဆောက်တည်ခဲ့ပေသည်။ ထို့နောက် တရားလမ်းမှန်ပေါ်၌ တည်ရှိနေခဲ့၏။ ထိုသူအား ငါအရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်တော်မူ၏။
وَمَا أَعْجَلَكَ عَنْ قَوْمِكَ يَا مُوسَىٰ
၎င်းပြင် အို-မူစာ၊ မည်သည့်အရာသည် အသင့်အား မိမိအမျိုးသားတို့ထက် ဦးစွာလာရောက်စေခဲ့ပါသနည်း။
قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ
ယင်းမူစာက (ဤသို့)လျှောက်ထားခဲ့လေသည်။၎င်းတို့သည် ဤမှာ ကျွန်တော်မျိုး၏နောက်၌ပင် လိုက်ပါခဲ့ကြပါသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူ သောအရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ်ကျေနပ် တော်မူပါရန် အလျင်လာခဲ့ခြင်းပင်ဖြစ်ပါသည်။
قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِنْ بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့ လေသည်။ (အို-မူစာ) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်ကွယ်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့လေသည်။ စာမိရီ သည် ၎င်းတို့အား လမ်းမှားစေခဲ့လေပြီ။
فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدْتُمْ أَنْ يَحِلَّ عَلَيْكُمْ غَضَبٌ مِنْ رَبِّكُمْ فَأَخْلَفْتُمْ مَوْعِدِي
ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။

Choose other languages: