Quran Apps in many lanuages:

Surah Ta-Ha Ayahs #80 Translated in Burmese

جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَنْ تَزَكَّىٰ
ထာဝစဉ်နေထိုင်ရမည့် ဥယျာဉ်များ ရှိပေမည်။ယင်းဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်) ယင်းဥယျာဉ်များ၌အမြဲနေထိုင်ကြရပေမည်။ စင်စစ်သော်ကား ဤသည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းခဲ့သောသူ၏ အကျိုးပင်တည်း။
وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَا تَخَافُ دَرَكًا وَلَا تَخْشَىٰ
ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာ၏ထံသို့(ဤသို့)ဝဟီအမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်၌ခေါ်သွားပါလေ။ထို့နောက် အသင်သည် ၎င်းတို့အဖို့ ပင်လယ်၌ သွေ့ခြောက်သောလမ်းကိုပြုလုပ်ပါလေ။ အသင်သည် (မိမိတို့အား ရန်သူများ) မှီလာကြမည်ကိုလည်း စိုးရိမ်ရမည်မဟုတ်။ (မိမိတို့သည်ပင်လယ်၌ နစ်မြုပ်သွားကြမည်ကိုလည်း) ကြောက်ရမည်မဟုတ်ပေ။
فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِ فَغَشِيَهُمْ مِنَ الْيَمِّ مَا غَشِيَهُمْ
ထို့နောက် ဖိရ်အောင်(န်)သည် မိမိစစ်သည် ဗိုလ်ပါတို့နှင့်တကွ ၎င်းတို့၏နောက်မှ လိုက်လာခဲ့လေရာ၊ ပင်လယ်မှရေများသည် ၎င်းတို့အား လွှမ်းမိုး(နစ်မြုပ်စေ)ခဲ့လေသည်။
وَأَضَلَّ فِرْعَوْنُ قَوْمَهُ وَمَا هَدَىٰ
စင်စစ် ဖိရ်အောင်(န်)သည် မိမိအမျိုးသားတို့အား တရားလမ်းမှန်ကိုမပြပဲ လမ်းမှားစေခဲ့လေသည်။
يَا بَنِي إِسْرَائِيلَ قَدْ أَنْجَيْنَاكُمْ مِنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ
အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့၊ ဧကန်အမှန်၊ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ ရန်သူ(၏ဘေးအန္တရာယ်)မှ ကယ်တင်တော်မူခဲ့လေပြီ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင်တို့အား(အသင်တို့၏)လက်ယာဘက်၌ရှိသော တူရ်မည်သောတောင်၏နံဘေး(သို့လာကြရန်) ချိန်းချက်တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်အသင်တို့အပေါ်၌ မန္န(မုန့်ချိုတစ်မျိုး)ကိုလည်းကောင်း၊စလ်ဝါ(ငုံးသတ္တဝါတစ်မျိုး)ကိုလည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသည်။

Choose other languages: