Quran Apps in many lanuages:

Surah Ta-Ha Ayahs #63 Translated in Burmese

قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَنْ يُحْشَرَ النَّاسُ ضُحًى
(ထိုအခါ) ယင်းမူစာက[အို-ဖိရ်အောင်(န်)]အသင်တို့၏ ချိန်းဆိုသော(နေ့)သည် ပွဲနေ့ပင်ဖြစ်သည်။ ၎င်းပြင် လူတို့သည်(လည်း) နေတက်ချိန်၌ စုရုံးပြီး ဖြစ်ကြရမည်ဟုပြောကြားခဲ့လေသတည်း။
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ
ထိုအခါ ဖိရ်အောင်(န်)သည် ပြန်သွားခဲ့ပေသည်။ တစ်ဖန် ၎င်းသည် မိမိလျှို့ဝှက်ကြံစည်ချက်များကို စုဆောင်းပြီးနောက်(ချိန်းချက်ထားသောနေရာသို့)လာခဲ့လေသည်။
قَالَ لَهُمْ مُوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُمْ بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ
(ထိုအခါ) မူစာက ယင်းပဉ္စလက်ဆရာတို့အား(ဤသို့) ပြောကြားခဲ့လေသည်။ အသင်တို့ အကျိုး ယုတ်ပါစေ။အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲခြင်း မပြုကြကုန်လင့်။ သို့ပြုခဲ့ကြပါလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်ပေးတော်မူခြင်းအားဖြင့် လုံးဝပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကားလီဆယ်ဖန်တီး သူသည် မျှော်လင့်သည့်အတိုင်း မအောင်မြင်သောသူသာလျှင်ဖြစ်မည်ဟု ပြောကြားခဲ့လေသည်။
فَتَنَازَعُوا أَمْرَهُمْ بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ
ထို့နောက် ယင်းပဉ္စလက်ဆရာတို့သည် မိမိတို့အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံကွဲလွဲခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် တီးတိုးဆွေးနွေးခဲ့ကြပြန်သည်။
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ
(နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။

Choose other languages: