Quran Apps in many lanuages:

Surah Ta-Ha Ayahs #52 Translated in Burmese

إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَنْ كَذَّبَ وَتَوَلَّىٰ
ဧကန်စင်စစ် ပြစ်ဒဏ်သည် အကြင်သူ၏ အပေါ်၌ပင် ကျရောက်မည် ဖြစ်ကြောင်း၊ အမှန်ပင် ကျွန်ုပ်တို့ထံ အမိန့်တော်ရောက်ရှိလာပြီးဖြစ်ပေသည်။ ထိုသူသည်(ကျွန်ုပ်တို့ယူဆောင်လာခဲ့ကြသောအမိန့် ပညတ်တော်များကို) မဟုတ်မမှန်ဟူ၍ ငြင်းပယ်အံ့။ ၎င်းပြင် ထိုသူသည် မျက်နှာလွှဲဖယ် ကျောခိုင်းသွားအံ့။
قَالَ فَمَنْ رَبُّكُمَا يَا مُوسَىٰ
း 49| ယင်းဖိရ်အောင်(န်)က သို့ဖြစ်လျှင် အို-မူစာအသင်တို့ နှစ်ဦးအား ဖန်ဆင်းတော်မူသောအရှင်သည် မည်သူနည်း ဟု ပြောဆို(မေးမြန်း)လေ၏။
قَالَ رَبُّنَا الَّذِي أَعْطَىٰ كُلَّ شَيْءٍ خَلْقَهُ ثُمَّ هَدَىٰ
(ထိုအခါ) ထိုမူစာက ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည် အသီးသီးသောအရာ ကိုယင်းအရာနှင့်ထိုက်သည့်အားလျော်စွာ ရုပ်ဆင်းသဏ္ဌာန်ကိုချီးမြှင့်တော်မူပြီးလျှင် (ဆောင်ရွက်အံ့သော) နည်းလမ်းကို ညွှန်ပြတော်မူသော အရှင်မြတ်သည် ပင်ဖြစ်တော်မူသည်ဟု ပြောကြားခဲ့လေသတည်း။(တစ်နည်း) ထိုအခါ ထိုတမန်တော်မူစာက ကျွန်ုပ်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် အရာခပ်သိမ်းတို့ကို ၎င်းတို့နှင့် (လျော်ကန်သော)ရုပ်ဆင်းသဏ္ဌာန်ကို ချီးမြှင့်တော်မူပြီး(ကျိုး၊ ပြစ်၊ ဆိုး၊ ကောင်း) လမ်းညွှန်ပြတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ဖြေကြားခဲ့လေသည်။
قَالَ فَمَا بَالُ الْقُرُونِ الْأُولَىٰ
(တစ်ဖန်) ထိုဖိရ်အောင်(န်)က သို့ဖြစ်လျှင် ရှေးဟောင်းမျိုးနွယ်တို့၏ အခြေအနေသည် မည်သို့ ရှိချေသနည်းဟု ပြောဆို(ပြန်)လေ၏။
قَالَ عِلْمُهَا عِنْدَ رَبِّي فِي كِتَابٍ ۖ لَا يَضِلُّ رَبِّي وَلَا يَنْسَى
မူစာသည် (ဤသို့)ပြောကြားခဲ့၏။ ထိုရှေးဟောင်း မျိုးနွယ်တို့နှင့် ပတ်သက်သောအသိကား ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် မှတ်တမ်းစာအုပ်၌ရှိပေသည်။ (အမှန်စင်စစ်) ကျွန်ုပ်၏ အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ်ပေ။ မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။

Choose other languages: