Quran Apps in many lanuages:

Surah Ta-Ha Ayahs #47 Translated in Burmese

اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ
အသင်တို့ နှစ်ဦးသည် ဖိရ်အောင်(န်)ထံသို့ သွားကြလေကုန်။ ဧကန်မလွဲ ယင်းဖိရ်အောင်(န်)သည် လွန်စွာမောက်မာလျက် ရှိနေချေပြီ။
فَقُولَا لَهُ قَوْلًا لَيِّنًا لَعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ
ထို့နောက် အသင်တို့ နှစ်ဦးသည် ၎င်းအား နူးညံ့သိမ်မွေ့သော စကားကို ပြောဆိုကြလေကုန်။ယင်းဖိရ်အောင်(န်)သည် တရားရကောင်းရရှိပေလိမ့်မည်။ သို့တည်းမဟုတ် ၎င်းသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကောင်းကြောက်ရွံ့ပေလိမ့်မည်။
قَالَا رَبَّنَا إِنَّنَا نَخَافُ أَنْ يَفْرُطَ عَلَيْنَا أَوْ أَنْ يَطْغَىٰ
(ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ
(ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။
فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِنْ رَبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ
သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ယင်းဖိရ်အောင်(န်)ထံသို့ သွားကြပြီးလျှင် (ဤသို့)ပြောကြား ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်နှစ်ပါးပင်ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အား ကျွန်ုပ်နှင့်အတူ ထည့်လိုက်လော့။ ထို့ပြင် အသင်သည် ၎င်းတို့ အား ဒုက္ခမပေးလင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ သက်သေလက္ခဏာတော်ကို ယူဆောင်လာခဲ့ကြပေသည်။ စင်စစ် ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာသူ၏အဖို့သာရှိပေသည်။

Choose other languages: