Quran Apps in many lanuages:

Surah Ta-Ha Ayahs #46 Translated in Burmese

اذْهَبْ أَنْتَ وَأَخُوكَ بِآيَاتِي وَلَا تَنِيَا فِي ذِكْرِي
(သို့ဖြစ်ပေရာ ယခုမူကား) အသင်သည်လည်းကောင်း၊ အသင်၏နောင်တော်(ဟာရူန်)သည်လည်း ကောင်း၊ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များနှင့်တကွ သွားကြလေကုန်။ ၎င်းပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်အားအောက်မေ့တသခြင်းနှင့် စပ်လျဉ်း၍ ဝီရိယ မပေါ့ကြကုန်လင့်။
اذْهَبَا إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ
အသင်တို့ နှစ်ဦးသည် ဖိရ်အောင်(န်)ထံသို့ သွားကြလေကုန်။ ဧကန်မလွဲ ယင်းဖိရ်အောင်(န်)သည် လွန်စွာမောက်မာလျက် ရှိနေချေပြီ။
فَقُولَا لَهُ قَوْلًا لَيِّنًا لَعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ
ထို့နောက် အသင်တို့ နှစ်ဦးသည် ၎င်းအား နူးညံ့သိမ်မွေ့သော စကားကို ပြောဆိုကြလေကုန်။ယင်းဖိရ်အောင်(န်)သည် တရားရကောင်းရရှိပေလိမ့်မည်။ သို့တည်းမဟုတ် ၎င်းသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကောင်းကြောက်ရွံ့ပေလိမ့်မည်။
قَالَا رَبَّنَا إِنَّنَا نَخَافُ أَنْ يَفْرُطَ عَلَيْنَا أَوْ أَنْ يَطْغَىٰ
(ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ
(ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။

Choose other languages: