Quran Apps in many lanuages:

Surah Ta-Ha Ayahs #119 Translated in Burmese

وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِنْ قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏ထံသို့ အမိန့်တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေသည်။ သို့ရာတွင် ထိုအာဒမ်သည်(ယင်းအမိန့်တော်ကို) မေ့လျော့ခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် ယင်းအာဒမ်၌ တည်ကြည်ကြံ့ခိုင်မှုကို တွေ့တော်မမူခဲ့ချေ။
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ
(ပြန်လည်အောက်မေ့ သတိရကြလေကုန်)။တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်များအား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် စစ်ဂျဒဟ်ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတပါး ကောင်းကင်တမန် အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်မှာမူကား (ပျပ်ဝပ်ဦးချခြင်းမပြုဘဲအမိန့်တော်ကို) သွေဖည် ငြင်းပယ်ခဲ့လေသည်။
فَقُلْنَا يَا آدَمُ إِنَّ هَٰذَا عَدُوٌّ لَكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ الْجَنَّةِ فَتَشْقَىٰ
ထိုအခါ ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့၏။ အို-အာဒမ်၊ ဤ(အစ်ဗ်လီစ်)ကား အသင်နှင့်အသင့်ခင်ပွန်း၏ ရန်သူပင်ဖြစ်ချေသည်။ သို့ဖြစ်ပေရာ ယင်းအစ်ဗ်လီစ်သည် အသင်တို့နှစ်ဦးအား ဂျန္နတ်အမတသုခဘုံမှနှင်မထုတ်စေနှင့်။ သို့ဖြစ်ခဲ့မူ အသင်သည် ပင်ပန်းဆင်းရဲဒုက္ခတွေ့မည်။
إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ
ဧကန်အမှန် အသင်၌ ယင်းဂျန္နတ်အမတသုခဘုံတွင် ဆာလောင်ခြင်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ ၎င်းပြင်အသင်သည် အဝတက် ကင်းမြဲ့ခင်း ဖြစ် လိမ့်မည်လည်း မဟုတ်ချေ။
وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ
ထို့ပြင် ဧကန်စင်စစ် အသင်သည် ယင်းသုခဘုံ၌ ရေမွတ်သိပ်မည်လည်းမဟုတ်ပေ။ ထို့ပြင် အသင်သည် နေပူခံရမည်လည်း မဟုတ်ချေ။

Choose other languages: