Quran Apps in many lanuages:

Surah Sad Ayahs #32 Translated in Burmese

أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ
ငါအရှင်မြတ်သည် "အီမာန်" သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့အား တိုင်းပြည်ဝယ် သောင်းကျန်းဖျက်ဆီးမှုကို ပြုလုပ်ကြသောသူတို့ကဲ့သို့ ပြုလုပ်တော်မူပါမည်လော၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား သွေဖည်ဆိုးသွမ်းသောသူတို့ကဲ့သို့ ပြုလုပ်တော်မူပါမည်လော။
كِتَابٌ أَنْزَلْنَاهُ إِلَيْكَ مُبَارَكٌ لِيَدَّبَّرُوا آيَاتِهِ وَلِيَتَذَكَّرَ أُولُو الْأَلْبَابِ
(ဤသည်)အသင့်ထံသို့ ငါအရှင်မြတ်ချပေးတော်မူခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ "ဗရ်ကတ်" မင်္ဂလာနှင့်ပြည့်စုံ၏။ (ယင်းကျမ်းဂန်ကို ချပေးတော်မူခြင်းကား) လူတို့သည် ယင်းကျမ်းဂန်၏ အာယတ်တော်များကို စဉ်းစားဆင်ခြင်ကြအံ့သော ငှာလည်းကောင်း၊ အသိအမြင်ရှိသောသူတို့သည် တရားရယူကြအံ့သော အကျိုးငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
وَوَهَبْنَا لِدَاوُودَ سُلَيْمَانَ ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)"ဒါဝူဒ်"အား(နဗီတမန်တော်)"စုလိုင်မာန်"ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ထို "စုလိုင်မာန်" သည် (ငါအရှင်မြတ်အထံတော်သို့) လွန်စွာ ပြန်လှည့်သူပင် ဖြစ်ခဲ့လေ၏။
إِذْ عُرِضَ عَلَيْهِ بِالْعَشِيِّ الصَّافِنَاتُ الْجِيَادُ
တစ်ရံရောအခါဝယ် လျင်မြန်ပေါ့ပါးသော မျိုးကောင်းမြင်းများသည် ညနေချမ်းအချိန်၌ ထို "စုလိုင်မာန်"၏ရှေ့ဝယ် တင်ပြခြင်းကို ခံခဲ့ကြရလေ၏။
فَقَالَ إِنِّي أَحْبَبْتُ حُبَّ الْخَيْرِ عَنْ ذِكْرِ رَبِّي حَتَّىٰ تَوَارَتْ بِالْحِجَابِ
ထိုအခါ ထို"စုလိုင်မာန်"က ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကြောင့် မြောက်မြားစွာသော ပစ္စည်းများကို(ဝါ) မြင်းများကို ခုံမင်မြတ်နိုးခြင်းကို နှစ်သက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု ပြောဆိုခဲ့လေ၏။ နောက်ဆုံးတွင် ထိုမြင်းများမှာ အကွယ်၌ ကွယ်ပျောက်၍ သွားခဲ့ကြ လေ၏။

Choose other languages: