Quran Apps in many lanuages:

Surah Sad Ayahs #34 Translated in Burmese

وَوَهَبْنَا لِدَاوُودَ سُلَيْمَانَ ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)"ဒါဝူဒ်"အား(နဗီတမန်တော်)"စုလိုင်မာန်"ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ထို "စုလိုင်မာန်" သည် (ငါအရှင်မြတ်အထံတော်သို့) လွန်စွာ ပြန်လှည့်သူပင် ဖြစ်ခဲ့လေ၏။
إِذْ عُرِضَ عَلَيْهِ بِالْعَشِيِّ الصَّافِنَاتُ الْجِيَادُ
တစ်ရံရောအခါဝယ် လျင်မြန်ပေါ့ပါးသော မျိုးကောင်းမြင်းများသည် ညနေချမ်းအချိန်၌ ထို "စုလိုင်မာန်"၏ရှေ့ဝယ် တင်ပြခြင်းကို ခံခဲ့ကြရလေ၏။
فَقَالَ إِنِّي أَحْبَبْتُ حُبَّ الْخَيْرِ عَنْ ذِكْرِ رَبِّي حَتَّىٰ تَوَارَتْ بِالْحِجَابِ
ထိုအခါ ထို"စုလိုင်မာန်"က ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကြောင့် မြောက်မြားစွာသော ပစ္စည်းများကို(ဝါ) မြင်းများကို ခုံမင်မြတ်နိုးခြင်းကို နှစ်သက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု ပြောဆိုခဲ့လေ၏။ နောက်ဆုံးတွင် ထိုမြင်းများမှာ အကွယ်၌ ကွယ်ပျောက်၍ သွားခဲ့ကြ လေ၏။
رُدُّوهَا عَلَيَّ ۖ فَطَفِقَ مَسْحًا بِالسُّوقِ وَالْأَعْنَاقِ
(ထိုအခါ နဗီတမန်တော် "စုလိုင်မာန်"သည် မြင်းထိန်းတို့အား) အသင်တို့သည် ထိုမြင်းများကို ငါ၏ရှေ့မှောက်ဝယ် ပြန်လည်၍ သွင်းခဲ့ကြလေကုန်(ဟုအမိန့်ပေးခဲ့လေ၏)။ ထို့နောက် (ထိုမြင်းများမှာ နဗီတမန်တော် စုလိုင်မာန်၏ရှေ့ဝယ် ပြန်လည်၍ ရောက်ရှိလာကြလေသော်)ထို"စုလိုင်မာန်"သည်(ထိုမြင်းများ၏)ခြေသလုံးများ(ခြေထောက်များ)ကို လည်းကောင်း၊ လည်ကုပ်များကို စတင်ပွတ်သပ်ခြင်းကို ပြုလုပ်ခဲ့ပေသတည်း။
وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်) "စုလိုင်မာန်"အား စမ်းသပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်ပေါ်ဝယ် ခန္ဓာကိုယ်တစ်ခုကို ချပေးတော်မူခဲ့၏။ သို့ရှိရာ ထို"စုလိုင်မာန်"သည် ပြန်လှည့်ခဲ့လေ၏။

Choose other languages: