Quran Apps in many lanuages:

Surah Hud Ayahs #96 Translated in Burmese

قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُمْ مِنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
(ထိုအခါ) ယင်း(နဗီတမန်တော်) ရှုအိုက်ဗ်က(ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊ငါ၏သားချင်းတို့သည် အသင်တို့ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပင် ပို၍မြင့်မြတ်ကြပါသလော၊ စင်စစ်မှာမူကား အသင်တို့သည် ထိုအရှင်မြတ်ကိုပင် မိမိတို့၏ကျောနောက်တွင် အမှုမဲ့အမှတ်မဲ့ ပစ်ပယ်ထားခဲ့ကြကုန်၏။ ဧကန်မလွဲ ငါ၏အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက်ရှိကြသည်ကိုဝန်းခြုံထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
၎င်းပြင် (ဤသို့ပြောကြားခဲ့၏။) အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် မိမိတို့(နေရာတွင် မိမိတို့) တတ်စွမ်းနိုင်သမျှ ကျင့်မူကြလေကုန်။ ဧကန်စင်စစ် ငါသည်(လည်းမိမိအနေနှင့်)ကျင့်မူလျက်ပင်။ အသင်တို့သည် မည်သူ့ထံထိုသူအား အရှက်တကွဲ အကျိုးနည်းဖြစ်စေသော ပြစ်ဒဏ် ရောက်ရှိလာသည်ကိုလည်းကောင်း၊ မည်သူမုသာဝါဒီဖြစ် သည်ကိုလည်းကောင်း၊ မကြာမြင့်မီပင် သိရှိကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် စောင့်မျှော် ကြလေကုန်။ ဧကန်အမှန် ငါသည်လည်းအသင်တို့ နှင့်အတူ စောင့်မျှော်မည့်သူပင်။
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင်။ သတိပြုကြလေကုန်၊ စမူဒ် အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ)ကင်းဝေးခဲ့ကြဘိသကဲ့သို့ပင် မဒ်ယန်(မြို့သူမြို့သား)တို့၌လည်း(ထိုအရှင်မြတ်၏ကရုဏာတော်မှ) ကင်းဝေးခြင်းသည် ရှိစေသတည်း။
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာများနှင့် လည်းကောင်း၊ထင်ရှားစွာသောသက်သေခံတစ်ရပ်နှင့်လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသတည်း။

Choose other languages: