Quran Apps in many lanuages:

Surah Hud Ayahs #99 Translated in Burmese

كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင်။ သတိပြုကြလေကုန်၊ စမူဒ် အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ)ကင်းဝေးခဲ့ကြဘိသကဲ့သို့ပင် မဒ်ယန်(မြို့သူမြို့သား)တို့၌လည်း(ထိုအရှင်မြတ်၏ကရုဏာတော်မှ) ကင်းဝေးခြင်းသည် ရှိစေသတည်း။
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာများနှင့် လည်းကောင်း၊ထင်ရှားစွာသောသက်သေခံတစ်ရပ်နှင့်လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသတည်း။
إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَاتَّبَعُوا أَمْرَ فِرْعَوْنَ ۖ وَمَا أَمْرُ فِرْعَوْنَ بِرَشِيدٍ
ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ယင်း ဖစ်ရ်အောင်န်၏အကြီးအကဲ (မှူးကြီးမတ်ရာ)များထံ သို့လည်းကောင်း၊ သို့ရာတွင် ၎င်းမူကား ဖစ်ရ်အောင်န် တို့၏အမိန့်ကိုပင် လိုက်နာနေခဲ့ကြကုန်၏။ စင်စစ် ဆိုသော် ဖစ်ရ်အောင်န်၏အမိန့်သည် လုံးဝသင့်တော် မှန်ကန်သော လမ်းမှန်သောအမိန့်မဟုတ်ခဲ့ပေ။
يَقْدُمُ قَوْمَهُ يَوْمَ الْقِيَامَةِ فَأَوْرَدَهُمُ النَّارَ ۖ وَبِئْسَ الْوِرْدُ الْمَوْرُودُ
ယင်းဖစ်ရ်အောင်န်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိအမျိုးသားတို့အား ရှေ့ဆောင်ပေမည်။ ထို့နောက် ၎င်းသည် ယင်းအမျိုးသားတို့အား ငရဲဘုံ၌ စခန်းချစေမည်ဖြစ်၏။ အမှန်သော်ကား (၎င်းတို့) စခန်းချစေခြင်း ခံကြရမည့်နေရာသည် အလွန်ဆိုးရွားလှပေသည်တကား။
وَأُتْبِعُوا فِي هَٰذِهِ لَعْنَةً وَيَوْمَ الْقِيَامَةِ ۚ بِئْسَ الرِّفْدُ الْمَرْفُودُ
ထို့ပြင် ယင်းသူတို့သည် ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်းကောင်း၊ ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင်လည်းကောင်း၊ ကရုဏာတော်မှကင်းဝေးစေခြင်း ကို (မိမိတို့)နောက်မှထပ်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။ (၎င်းတို့)ချီးမြှင့်ခြင်းခံကြရမည့် မေတ္တာလက်ဆောင်သည် အလွန်ဆိုးရွားလှသော မေတ္တာလက်ဆောင်ပင် ဖြစ်ပေသည်တကား။

Choose other languages: