Quran Apps in many lanuages:

Surah Hud Ayahs #102 Translated in Burmese

يَقْدُمُ قَوْمَهُ يَوْمَ الْقِيَامَةِ فَأَوْرَدَهُمُ النَّارَ ۖ وَبِئْسَ الْوِرْدُ الْمَوْرُودُ
ယင်းဖစ်ရ်အောင်န်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိအမျိုးသားတို့အား ရှေ့ဆောင်ပေမည်။ ထို့နောက် ၎င်းသည် ယင်းအမျိုးသားတို့အား ငရဲဘုံ၌ စခန်းချစေမည်ဖြစ်၏။ အမှန်သော်ကား (၎င်းတို့) စခန်းချစေခြင်း ခံကြရမည့်နေရာသည် အလွန်ဆိုးရွားလှပေသည်တကား။
وَأُتْبِعُوا فِي هَٰذِهِ لَعْنَةً وَيَوْمَ الْقِيَامَةِ ۚ بِئْسَ الرِّفْدُ الْمَرْفُودُ
ထို့ပြင် ယင်းသူတို့သည် ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်းကောင်း၊ ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင်လည်းကောင်း၊ ကရုဏာတော်မှကင်းဝေးစေခြင်း ကို (မိမိတို့)နောက်မှထပ်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။ (၎င်းတို့)ချီးမြှင့်ခြင်းခံကြရမည့် မေတ္တာလက်ဆောင်သည် အလွန်ဆိုးရွားလှသော မေတ္တာလက်ဆောင်ပင် ဖြစ်ပေသည်တကား။
ذَٰلِكَ مِنْ أَنْبَاءِ الْقُرَىٰ نَقُصُّهُ عَلَيْكَ ۖ مِنْهَا قَائِمٌ وَحَصِيدٌ
ဤကား အကြင်မြို့ရွာများ၏ အချို့သတင်းစကားစကားပင်။ ငါအရှင်မြတ်သည် ထိုသတင်းစကားကို အသင်၏ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူ၏။ ထိုမြို့ရွာများအနက် အချို့မှာ(ယနေ့တိုင်အောင်)တည်ရှိနေ၍ (အချို့မြို့ရွာများမှာမူကား)ပျက်ပြုန်းခဲ့လေသတည်း။
وَمَا ظَلَمْنَاهُمْ وَلَٰكِنْ ظَلَمُوا أَنْفُسَهُمْ ۖ فَمَا أَغْنَتْ عَنْهُمْ آلِهَتُهُمُ الَّتِي يَدْعُونَ مِنْ دُونِ اللَّهِ مِنْ شَيْءٍ لَمَّا جَاءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ပင် (အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားအရာများကိုဟစ်ခေါ်ခြင်းအားဖြင့်) မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုခဲ့ကြလေသည်။ သို့တစေလည်း အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် လေ့ရှိကြကုန်သော ၎င်းတို့၏ ကိုးကွယ်ရာများသည် ၎င်းတို့အဖို့ အနည်းငယ်တစ်စုံတစ်ရာမျှပင် အသုံးမဝင် အကျိုးမပေးနိုင်ခဲ့ကြချေ။ ထိုမှတစ်ပါး ယင်းကိုးကွယ်ရာများသည် ၎င်းတို့၌ ပျက်စီးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ တိုးပွားစေခဲ့ကြသည်လည်းမဟုတ်ပေတကား။
وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ ۚ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန် လှပေသတည်း။

Choose other languages: