Quran Apps in many lanuages:

Surah Hud Ayahs #80 Translated in Burmese

يَا إِبْرَاهِيمُ أَعْرِضْ عَنْ هَٰذَا ۖ إِنَّهُ قَدْ جَاءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ آتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ
အို-အစ်ဗ်ရာဟီမ်၊ အသင်သည် ဤသည်မှရှောင်ဖယ်၍နေပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိခဲ့လေပြီ။ ထိုမှတစ်ပါး ၎င်းတို့ထံ ပြန်လည် ရုပ်သိမ်းခြင်းမရှိသော ပြစ်ဒဏ်ကျရောက်တော့မည်မှာ ဧကန်မလွဲတည်း။
وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ
ထို့နောက် ငါအရှင်မြတ်၏ စေတမန်တော်များသည် (နဗီတမန်တော်)လူ(တ်)၏ထံသို့ ရောက်ရှိလာ ခဲ့ကြသောအခါ ထို(နဗီတမန်တော်)လူ(တ်)သည် ၎င်းတို့အတွက် ရတက်မအေးဖြစ်ခဲ့ရသည့်ပြင် ၎င်းတို့အတွက် အလွန် စိတ်ကျဉ်းကျပ်ခြင်းလည်း ဖြစ်ခဲ့လေသည်။ ထိုမှတစ်ပါး ဤနေ့သည် အလွန်ခက်ခဲသောနေ့ပင် ဖြစ်ပေသည်တကားဟု ထို(နဗီတမန်တော်)လူ(တ်)သည် ပြောဆိုမြည်တမ်းခဲ့လေသတည်း။
وَجَاءَهُ قَوْمُهُ يُهْرَعُونَ إِلَيْهِ وَمِنْ قَبْلُ كَانُوا يَعْمَلُونَ السَّيِّئَاتِ ۚ قَالَ يَا قَوْمِ هَٰؤُلَاءِ بَنَاتِي هُنَّ أَطْهَرُ لَكُمْ ۖ فَاتَّقُوا اللَّهَ وَلَا تُخْزُونِ فِي ضَيْفِي ۖ أَلَيْسَ مِنْكُمْ رَجُلٌ رَشِيدٌ
ထို့နောက် ယင်း(နဗီတမန်တော်) လူ(တ်)၏အမျိုးသားများသည် ယင်း၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ယခင်မူလကပင်မကောင်းမှု ဒုစရိုက်များကို ကျင့်မူ ပွားများလျက်ရှိခဲ့ကြကုန်၏။(ထိုအခါ) ယင်း (နဗီတမန်တော်)လူ(တ်)က အို-ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် ၎င်းတို့နှင့်ထိမ်းမြားကြလေကုန်) ၎င်းတို့သည် အသင်တို့အဖို့ ပိုမို၍ပင်သန့်စင်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် အသင်တို့သည် ငါ့အား ငါ၏ဧည့်သည်တော်များ(ရှေ့)တွင် အရှက်တကွဲအကျိုးနည်း မပြုကြကုန်လင့်။ အသင်တို့တွင် ရိုးသားဖြောင့်မတ်သောသူ တစ်ယောက်တစ်လေမျှပင် မရှိလေသလောဟုပြောဆိုခဲ့လေသတည်း။
قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ထိုအခါ ယင်းအမျိုးသားတို့က [အို-လူ(တ်)]ကျွန်ုပ်တို့၌ အသင်၏သမီးများနှင့်ပတ်သက်၍ အလိုတစ်စုံတစ်ရာမျှမရှိကြောင်း အသင်သည် ဧကန်အမှန် သိရှိပြီးဖြစ်ပေသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏ ရည်စူးချက်ကိုလည်း (ကောင်းစွာ)သိရှိပြီးဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသည်။
قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။

Choose other languages: