Quran Apps in many lanuages:

Surah Hud Ayahs #83 Translated in Burmese

قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ထိုအခါ ယင်းအမျိုးသားတို့က [အို-လူ(တ်)]ကျွန်ုပ်တို့၌ အသင်၏သမီးများနှင့်ပတ်သက်၍ အလိုတစ်စုံတစ်ရာမျှမရှိကြောင်း အသင်သည် ဧကန်အမှန် သိရှိပြီးဖြစ်ပေသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏ ရည်စူးချက်ကိုလည်း (ကောင်းစွာ)သိရှိပြီးဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသည်။
قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ
ထို(နဗီတမန်တော်)လူ(တ်)က (ဤသို့)ပြောဆိုညည်းညူခဲ့လေသည်။ ဪ-အကယ်၍ ငါ့မှာ အသင်တို့အားခုံခံနိုင်ရန် စွမ်းအားရှိခဲ့မူ၊ သို့တည်း မဟုတ် ငါသည် ခိုင်ခံ့သောအမှီသဟဲတစ်ခုကို အမှီသဟဲ ပြုနိုင်ပါမူ ကောင်းလေစွတကားဟု ပြောဆိုညည်းညူခဲ့လေသည်။
قَالُوا يَا لُوطُ إِنَّا رُسُلُ رَبِّكَ لَنْ يَصِلُوا إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِنَ اللَّيْلِ وَلَا يَلْتَفِتْ مِنْكُمْ أَحَدٌ إِلَّا امْرَأَتَكَ ۖ إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ الصُّبْحُ ۚ أَلَيْسَ الصُّبْحُ بِقَرِيبٍ
ထိုရောအခါ ယင်း(စေတမန်)တို့က ဤသို့ပြောဆိုခဲ့ကြကုန်၏။ အို-(နဗီတမန်တော်)လူတ်ွ (အသင်သည်မည်သို့မျှ မစိုးရိမ်ပါလေနှင့်) ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင်၏အရှင်မြတ်က စေလွှတ်တော် မူသောစေတမန်များပင်ဖြစ်ကြပေရာ ၎င်းတို့သည် အသင်၏အပါးသို့ အလျဉ်းချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည်မိမိအိမ်သူ အိမ်သားတို့နှင့်တကွ ည၏ အစိတ်အပိုင်းတစ်ခုခုတွင် ထွက်ခွာသွားပါလေ။ သို့ရာတွင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့လှည့်၍ မကြည့်ရပေ။သို့ရာတွင် အသင်၏ဇနီးမူကား ဧကန်မုချ ၎င်းတို့၌ ဆိုက်ရောက်မည့်ပြစ်ဒဏ်သည် ယင်းဇနီး၌လည်း ဆိုက်ရောက်မည်ဖြစ်ချေသည်။ ဧကန်စင်စစ် ၎င်းတို့အား ချိန်းချက်ထားသော အချိန်သည် နံနက်မိုးသောက်ချိန်ပင်ဖြစ်ပေသည်။ နံနက်မိုးသောက်ချိန်ကား နီးကပ်လျက်ပင်ရှိသည် မဟုတ်ပါလော။
فَلَمَّا جَاءَ أَمْرُنَا جَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِنْ سِجِّيلٍ مَنْضُودٍ
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
مُسَوَّمَةً عِنْدَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
(ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။

Choose other languages: