Quran Apps in many lanuages:

Surah Hud Ayahs #86 Translated in Burmese

فَلَمَّا جَاءَ أَمْرُنَا جَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِنْ سِجِّيلٍ مَنْضُودٍ
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
مُسَوَّمَةً عِنْدَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
(ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ وَلَا تَنْقُصُوا الْمِكْيَالَ وَالْمِيزَانَ ۚ إِنِّي أَرَاكُمْ بِخَيْرٍ وَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُحِيطٍ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။
وَيَا قَوْمِ أَوْفُوا الْمِكْيَالَ وَالْمِيزَانَ بِالْقِسْطِ ۖ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အသင် တို့သည် (တောင်း၊တင်းစသော)ပမာဏအချင်အတွယ်များ ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ အပြည့်ပေးကြလေကုန်။ ထို့ပြင် အသင်တို့သည် လူတို့အား (အရောင်းအဝယ်ပြုကြသောအခါဝယ်) ၎င်းတို့ပစ္စည်းများကို လျော့၍ မပေးကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေဝယ်ဖျက်ဆီးသူများ အဖြစ်ဖြင့် မသောင်းကျန်းကြကုန်လင့်။
بَقِيَّتُ اللَّهِ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ)

Choose other languages: