Quran Apps in many lanuages:

Surah Hud Ayahs #43 Translated in Burmese

فَسَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُقِيمٌ
သို့ဖြစ်ပေရာ မည်သူ့ထံ ထိုသူအား (ဤပစ္စက္ခဘဝ၌) အရှက်တကွဲ အကျိုးနည်းဖြစ်စေသောပြစ်ဒဏ်သည်ရောက်လာမည်ကိုလည်းကောင်း၊ ထိုသူအပေါ်(နောင်တမလွန်ဘဝ၌ ထာဝစဉ်တည်မြဲသော ပြစ်ဒဏ်သက်ရောက်မည်ကိုလည်းကောင်း၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။)
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
အဆုံးတွင် ငါအရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိလာခဲ့ရာ မုန့်ဖိုသည် ဆူပွက်လာသည်။ (ထိုအခါ)ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်အား ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်နူဟ်) အသင်သည် အမျိုးအစားအသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ မိမိအိမ်သူအိမ်သားတို့အနက် အကြင်သူမှတစ်ပါး ထိုသူနှင့်ပတ်သက်၍ အမိန့်တော်ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ ကျန်အိမ်သူအိမ် သားတို့ကိုလည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်ခဲ့သောသူတို့အားလည်းကောင်း၊ ထိုသင်္ဘောပေါ်သို့ တင်ဆောင်ပါလေ။ စင်စစ်သော်ကား ထို(နဗီတမန် တော်နူဟ်)နှင့်အတူ အနည်းငယ်မျှသောသူတို့သာလျှင် သက်ဝင်ယုံကြည်ခဲ့ကြကုန်သတည်း။
وَقَالَ ارْكَبُوا فِيهَا بِسْمِ اللَّهِ مَجْرَاهَا وَمُرْسَاهَا ۚ إِنَّ رَبِّي لَغَفُورٌ رَحِيمٌ
ထို့နောက် ထို(နဗီတမန်တော်နူဟ်) က (မိမိအိမ်သူအိမ်သားများနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားအချင်းတို့) အသင်တို့သည် ထိုသင်္ဘောပေါ်သို့ စီးနင်းကြလေကုန်။ ထိုသင်္ဘော၏ သွားလာလှုပ်ရှားမှုသည်လည်းကောင်း၊ထိုသင်္ဘောဆိုက်ကပ် (ရပ်ဆိုင်း)ခြင်းသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်သာ ဖြစ်ပေသည်။ ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည်အမှန်ပင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင်။
وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَبْ مَعَنَا وَلَا تَكُنْ مَعَ الْكَافِرِينَ
၎င်းနောက် ထိုသင်္ဘောသည် ၎င်းတို့အား တင်ဆောင်၍ တောင်လုံးကြီးများပမာ ကြီးမားလှသော လှိုင်းတံပိုး၏ကြားဝပ်တွားလျက်ရှိပေသည်။ ထို့ပြင် (နဗီတမန်တော်)နူဟ်သည် မိမိ၏သား(ကင်န်အာန်)အား ဟစ်ခေါ်ခဲ့လေသည်။ စင်စစ် ထိုသားသည် အဝေး၌ပင်ရှိနေခဲ့လေသည်။ (သို့ဖြစ်ပေရာနဗီတမန်တော်နူဟ်သည် ၎င်းအား) အို-ချစ်သား အသင်သည်ငါတို့နှင့်အတူ(သင်္ဘောပေါ်သို့)စီနင်းခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်ကုန်သော သူတို့နှင့်အတူမနေရစ်လေနှင့် (ဟု ဟစ်အော်ပြောဆိုခဲ့လေသတည်း)
قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَنْ رَحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။

Choose other languages: