Quran Apps in many lanuages:

Surah Ghafir Ayahs #81 Translated in Burmese

فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۚ فَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိပြုတော်မူချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ချိန်းချက်တော်မူသည်များအနက် အချို့ကို အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ အသင့်အား သေဆုံးစေတော်မူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့မှာမူကား ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။
وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ مِنْهُمْ مَنْ قَصَصْنَا عَلَيْكَ وَمِنْهُمْ مَنْ لَمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۚ فَإِذَا جَاءَ أَمْرُ اللَّهِ قُضِيَ بِالْحَقِّ وَخَسِرَ هُنَالِكَ الْمُبْطِلُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် (မြောက်မြားစွာသော)ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့၏။ ၎င်းတို့အနက် အချို့သော ရစူလ်တမန်တော်များ၏ အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့၍ အချို့၏အတ္တုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့သည်မရှိချေ။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးအဖို့မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်မရှိဘဲ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာမျှ ပြနိုင်စွမ်းမရှိပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် ရောက်ရှိ၍လာသောအခါ၌မူကား တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်ပြင် အမှားကိုလိုက်စားသော သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ အံ့သတည်း။
اللَّهُ الَّذِي جَعَلَ لَكُمُ الْأَنْعَامَ لِتَرْكَبُوا مِنْهَا وَمِنْهَا تَأْكُلُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ်)တို့ကို ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် ၎င်းတို့အနက် အချို့ကို စီးနင်းကြကုန်၏။ ထို့ပြင် အသင်တို့သည် ၎င်းတို့အနက် အချို့ကို စားသုံးကြကုန်၏။
وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ် အလိုရှိရာသို့ ရောက်ရှိနိုင်ကြအံ့သောငှာ (ဖန်ဆင်းတော်မူခဲ့၏။) ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ တင်ဆောင်ခြင်းကို ခံကြရကုန်၏။
وَيُرِيكُمْ آيَاتِهِ فَأَيَّ آيَاتِ اللَّهِ تُنْكِرُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့် သက်သေလက္ခဏာတော်များကို ငြင်းပယ်ကြအံ့နည်း။

Choose other languages: