Quran Apps in many lanuages:

Surah Ghafir Ayahs #83 Translated in Burmese

اللَّهُ الَّذِي جَعَلَ لَكُمُ الْأَنْعَامَ لِتَرْكَبُوا مِنْهَا وَمِنْهَا تَأْكُلُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ်)တို့ကို ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် ၎င်းတို့အနက် အချို့ကို စီးနင်းကြကုန်၏။ ထို့ပြင် အသင်တို့သည် ၎င်းတို့အနက် အချို့ကို စားသုံးကြကုန်၏။
وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ် အလိုရှိရာသို့ ရောက်ရှိနိုင်ကြအံ့သောငှာ (ဖန်ဆင်းတော်မူခဲ့၏။) ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ တင်ဆောင်ခြင်းကို ခံကြရကုန်၏။
وَيُرِيكُمْ آيَاتِهِ فَأَيَّ آيَاتِ اللَّهِ تُنْكِرُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့် သက်သေလက္ခဏာတော်များကို ငြင်းပယ်ကြအံ့နည်း။
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَآثَارًا فِي الْأَرْضِ فَمَا أَغْنَىٰ عَنْهُمْ مَا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ (၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ဘူးကြ သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် လူဦးရေများခဲ့ကြသည့်ပြင် သူရသတ္တိ၊ ခွန်အားဗလ အားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ်ချန်ရစ်ခဲ့သော ခြေရာလက်ရာများအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့အဖို့ ၎င်းတို့ ဆည်းပူးခဲ့ကြသည်တို့သည် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။)
فَلَمَّا جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَرِحُوا بِمَا عِنْدَهُمْ مِنَ الْعِلْمِ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
စင်စစ်သော်ကား ၎င်းတို့၏ရစူလ်တမန်တော်များ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်၍လာခဲ့ကြသောအခါ ၎င်းတို့သည် မိမိတို့ထံရှိလေသော (လောကီ)ပညာနှင့်စပ်လျဉ်း၍ မြူးတူးရွှင်ပျော်၊ မော်ကြွားခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည် ပျက်ချော် ပြောင်လှောင်လျက်ရှိခဲ့ကြသော (ပြစ်ဒဏ်)မှာ ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။

Choose other languages: