Quran Apps in many lanuages:

Surah Ghafir Ayahs #27 Translated in Burmese

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။
إِلَىٰ فِرْعَوْنَ وَهَامَانَ وَقَارُونَ فَقَالُوا سَاحِرٌ كَذَّابٌ
ဖစ်ရ်အောင်န်"၊ "ဟာမာန်" နှင့် "ကာရူန်"တို့ထံ။ ထိုအခါ ၎င်းတို့က (ထိုမူစာသည်)ပဉ္စလက် ဆရာတစ်ဦးသည်လည်းကောင်း၊ လွန်စွာ မုသားပြောဆိုသူတစ်ဦးသည်လည်းကောင်း၊ ဖြစ်သည်ဟု ပြော၏ဆိုခဲ့ကြ၏။
فَلَمَّا جَاءَهُمْ بِالْحَقِّ مِنْ عِنْدِنَا قَالُوا اقْتُلُوا أَبْنَاءَ الَّذِينَ آمَنُوا مَعَهُ وَاسْتَحْيُوا نِسَاءَهُمْ ۚ وَمَا كَيْدُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
ထို့နောက် ထိုမူစာသည် ငါအရှင်မြတ်အထံတော်မှ အမှန်တရားကိုဆောင်ယူ၍ ၎င်းတို့ထံ ရောက်ရှိလာသောအခါ ၎င်းတို့က "အသင်တို့သည် ထိုမူစာနှင့်အတူ `အီမာန်` သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်ကြ၍ ၎င်းတို့၏မိန်းမတို့ကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်ရှင်စွာ ထားရှိကြလေကုန်"ဟုပြောဆိုခဲ့ကြ ကုန်၏။ သို့တစေလည်း "ကာဖိရ်" သွေဖည်ငြင်းပယ် ကြလေသောသူတို့၏ အကြံအစည်မှာ လွဲမှားခဲ့သည်သာ။
وَقَالَ فِرْعَوْنُ ذَرُونِي أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُ ۖ إِنِّي أَخَافُ أَنْ يُبَدِّلَ دِينَكُمْ أَوْ أَنْ يُظْهِرَ فِي الْأَرْضِ الْفَسَادَ
ထိုမှတစ်ပါး "ဖစ်ရ်အောင်န်"သည်(ဤသို့) ပြောဆိုခဲ့လေ၏။ "အသင်တို့သည့် ငါ့အား မတားဆီး ကြကုန်လင့်။ငါသည် မူစာအား သတ်ဖြတ်မည်။ ထို့ပြင် ထိုမူစာသည် ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်ပါစေ"။[(တစ်နည်း) "အသင်တို့သည် ငါ့အား မူစာကို သတ်ဖြတ်ခြင်းမှ မတားဆီးကြကုန်လင့်၊ ထိုမူစာအားလည်း ၎င်း၏အရှင်မြတ်အား ဟစ်ခေါ်(အကူအညီတောင်းခံ)ပါစေ"၊] အမှန်စင်စစ်သော်ကား ထိုမူစာသည် အသင်တို့၏သာသနာကို ပြောင်းလဲ(ဖျက်ဆီး)ပစ်မည်ကိုသော်လည်းကောင်း၊ တိုင်းပြည်၌ ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေမည်ကိုသော်လည်းကောင်း၊ ငါသည်စိုးရိမ်မိ၏။
وَقَالَ مُوسَىٰ إِنِّي عُذْتُ بِرَبِّي وَرَبِّكُمْ مِنْ كُلِّ مُتَكَبِّرٍ لَا يُؤْمِنُ بِيَوْمِ الْحِسَابِ
သို့ရာတွင် မူစာသည် (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် စောကြောမေးမြန်းမည့်နေ့ကို သက်ဝင်ယုံကြည်ခြင်းမရှိသော ဘဝင်မြင့် မာန်မာန ထောင်လွှားသူတိုင်း(၏ဘေးရန်ခပ်သိမ်းတို့)မှ (ကင်းလွတ်အံ့သောငှာ) ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ (အားလုံးတို့အား)ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကာအကွယ်ယူထားပြီး ဖြစ်သည်။

Choose other languages: