Quran Apps in many lanuages:

Surah Ghafir Ayahs #26 Translated in Burmese

ذَٰلِكَ بِأَنَّهُمْ كَانَتْ تَأْتِيهِمْ رُسُلُهُمْ بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။
إِلَىٰ فِرْعَوْنَ وَهَامَانَ وَقَارُونَ فَقَالُوا سَاحِرٌ كَذَّابٌ
ဖစ်ရ်အောင်န်"၊ "ဟာမာန်" နှင့် "ကာရူန်"တို့ထံ။ ထိုအခါ ၎င်းတို့က (ထိုမူစာသည်)ပဉ္စလက် ဆရာတစ်ဦးသည်လည်းကောင်း၊ လွန်စွာ မုသားပြောဆိုသူတစ်ဦးသည်လည်းကောင်း၊ ဖြစ်သည်ဟု ပြော၏ဆိုခဲ့ကြ၏။
فَلَمَّا جَاءَهُمْ بِالْحَقِّ مِنْ عِنْدِنَا قَالُوا اقْتُلُوا أَبْنَاءَ الَّذِينَ آمَنُوا مَعَهُ وَاسْتَحْيُوا نِسَاءَهُمْ ۚ وَمَا كَيْدُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
ထို့နောက် ထိုမူစာသည် ငါအရှင်မြတ်အထံတော်မှ အမှန်တရားကိုဆောင်ယူ၍ ၎င်းတို့ထံ ရောက်ရှိလာသောအခါ ၎င်းတို့က "အသင်တို့သည် ထိုမူစာနှင့်အတူ `အီမာန်` သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်ကြ၍ ၎င်းတို့၏မိန်းမတို့ကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်ရှင်စွာ ထားရှိကြလေကုန်"ဟုပြောဆိုခဲ့ကြ ကုန်၏။ သို့တစေလည်း "ကာဖိရ်" သွေဖည်ငြင်းပယ် ကြလေသောသူတို့၏ အကြံအစည်မှာ လွဲမှားခဲ့သည်သာ။
وَقَالَ فِرْعَوْنُ ذَرُونِي أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُ ۖ إِنِّي أَخَافُ أَنْ يُبَدِّلَ دِينَكُمْ أَوْ أَنْ يُظْهِرَ فِي الْأَرْضِ الْفَسَادَ
ထိုမှတစ်ပါး "ဖစ်ရ်အောင်န်"သည်(ဤသို့) ပြောဆိုခဲ့လေ၏။ "အသင်တို့သည့် ငါ့အား မတားဆီး ကြကုန်လင့်။ငါသည် မူစာအား သတ်ဖြတ်မည်။ ထို့ပြင် ထိုမူစာသည် ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်ပါစေ"။[(တစ်နည်း) "အသင်တို့သည် ငါ့အား မူစာကို သတ်ဖြတ်ခြင်းမှ မတားဆီးကြကုန်လင့်၊ ထိုမူစာအားလည်း ၎င်း၏အရှင်မြတ်အား ဟစ်ခေါ်(အကူအညီတောင်းခံ)ပါစေ"၊] အမှန်စင်စစ်သော်ကား ထိုမူစာသည် အသင်တို့၏သာသနာကို ပြောင်းလဲ(ဖျက်ဆီး)ပစ်မည်ကိုသော်လည်းကောင်း၊ တိုင်းပြည်၌ ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေမည်ကိုသော်လည်းကောင်း၊ ငါသည်စိုးရိမ်မိ၏။

Choose other languages: