Quran Apps in many lanuages:

Surah Ghafir Ayahs #16 Translated in Burmese

ذَٰلِكُمْ بِأَنَّهُ إِذَا دُعِيَ اللَّهُ وَحْدَهُ كَفَرْتُمْ ۖ وَإِنْ يُشْرَكْ بِهِ تُؤْمِنُوا ۚ فَالْحُكْمُ لِلَّهِ الْعَلِيِّ الْكَبِيرِ
ယင်း(ကဲ့သို့ ထာဝရ ပြစ်ဒဏ်ခံကြရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ဟစ်ခေါ်တမ်းတခြင်း ခံရတော်မူသောအခါ၊ အသင်တို့သည် ငြင်းပယ်လေ့ရှိခဲ့ကြကုန်၏။ သို့ရာတွင်(တစ်စုံတစ်ရာကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ပါသော် အသင်တို့သည် ယုံကြည်လက်ခံလေ့ ရှိကြကုန်၏။ သို့ဖြစ်ပေရာ (ယခုသော်)စီရင်ဆုံးဖြတ်မှု(အာဏာ)သည် လွန်စွာမြင့်မြတ်ကြီးကဲလှတော်မူသော အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။
هُوَ الَّذِي يُرِيكُمْ آيَاتِهِ وَيُنَزِّلُ لَكُمْ مِنَ السَّمَاءِ رِزْقًا ۚ وَمَا يَتَذَكَّرُ إِلَّا مَنْ يُنِيبُ
ထိုအရှင်မြတ်သည်ပင် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ မိုးကောင်းကင်မှ စားနပ်ရိက္ခာကို ချပေးသနားတော်မူ၏။ သို့ရာတွင် (ထိုအရှင်မြတ်ဘက်သို့) ပြန်လှည့်သော သူသည်သာလျှင် စဉ်းစားဆင်ခြင်တရား ရယူလေ့ရှိပေသည်။
فَادْعُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ
သို့ဖြစ်ပေရာ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မနှစ်မြို့ကြငြားသော်လည်း အသင်တို့သည် ဆည်းကပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ထိုအရှင်မြတ်အားသာလျှင် တသကြလေကုန်။
رَفِيعُ الدَّرَجَاتِ ذُو الْعَرْشِ يُلْقِي الرُّوحَ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ لِيُنْذِرَ يَوْمَ التَّلَاقِ
(ထိုအရှင်မြတ်သည်)ဂုဏ်ရည်အဆင့်အတန်းများကို မြှင့်ပေးတော်မူသော မြင့်မြတ်သော ဂုဏ်ရည်အဆင့်အတန်းများနှင့် ပြည့်စုံတော်မူသော "အရ်ရှ်"ပလ္လင်တော်ကိုစိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် "ဝဟ်ယ်" ထုတ်ပြန် ချက်တည်းဟူသော မိမိအမိန့်တော်ကို မိမိကျွန်တို့အနက်မှ မိမိအလိုရှိတော်မူသောသူ၏ အပေါ်ဝယ်ချပေးတော်မူ၏။ (ယင်းသို့ ချပေးတော်မူခြင်းမှာ) ထိုကျွန်သည် စုရုံးမည့်နေ့ (ဝါ) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ (လူတို့အား) သတိပေးနှိုးဆော်အံ့သောငှာ ဖြစ်ပေသည်။
يَوْمَ هُمْ بَارِزُونَ ۖ لَا يَخْفَىٰ عَلَى اللَّهِ مِنْهُمْ شَيْءٌ ۚ لِمَنِ الْمُلْكُ الْيَوْمَ ۖ لِلَّهِ الْوَاحِدِ الْقَهَّارِ
အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။

Choose other languages: