Quran Apps in many lanuages:

Surah Ghafir Ayahs #17 Translated in Burmese

هُوَ الَّذِي يُرِيكُمْ آيَاتِهِ وَيُنَزِّلُ لَكُمْ مِنَ السَّمَاءِ رِزْقًا ۚ وَمَا يَتَذَكَّرُ إِلَّا مَنْ يُنِيبُ
ထိုအရှင်မြတ်သည်ပင် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ မိုးကောင်းကင်မှ စားနပ်ရိက္ခာကို ချပေးသနားတော်မူ၏။ သို့ရာတွင် (ထိုအရှင်မြတ်ဘက်သို့) ပြန်လှည့်သော သူသည်သာလျှင် စဉ်းစားဆင်ခြင်တရား ရယူလေ့ရှိပေသည်။
فَادْعُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ
သို့ဖြစ်ပေရာ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မနှစ်မြို့ကြငြားသော်လည်း အသင်တို့သည် ဆည်းကပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ထိုအရှင်မြတ်အားသာလျှင် တသကြလေကုန်။
رَفِيعُ الدَّرَجَاتِ ذُو الْعَرْشِ يُلْقِي الرُّوحَ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ لِيُنْذِرَ يَوْمَ التَّلَاقِ
(ထိုအရှင်မြတ်သည်)ဂုဏ်ရည်အဆင့်အတန်းများကို မြှင့်ပေးတော်မူသော မြင့်မြတ်သော ဂုဏ်ရည်အဆင့်အတန်းများနှင့် ပြည့်စုံတော်မူသော "အရ်ရှ်"ပလ္လင်တော်ကိုစိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် "ဝဟ်ယ်" ထုတ်ပြန် ချက်တည်းဟူသော မိမိအမိန့်တော်ကို မိမိကျွန်တို့အနက်မှ မိမိအလိုရှိတော်မူသောသူ၏ အပေါ်ဝယ်ချပေးတော်မူ၏။ (ယင်းသို့ ချပေးတော်မူခြင်းမှာ) ထိုကျွန်သည် စုရုံးမည့်နေ့ (ဝါ) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ (လူတို့အား) သတိပေးနှိုးဆော်အံ့သောငှာ ဖြစ်ပေသည်။
يَوْمَ هُمْ بَارِزُونَ ۖ لَا يَخْفَىٰ عَلَى اللَّهِ مِنْهُمْ شَيْءٌ ۚ لِمَنِ الْمُلْكُ الْيَوْمَ ۖ لِلَّهِ الْوَاحِدِ الْقَهَّارِ
အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။
الْيَوْمَ تُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ ۚ لَا ظُلْمَ الْيَوْمَ ۚ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
ယနေ့သော်ကား လူတိုင်းလူတိုင်းသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့သမျှနှင့်စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်။ ယနေ့ မတရားပြုလုပ်မှုဟူ၍ကား အလျင်းမရှိပြီ။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စောကြောစစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: