Quran Apps in many lanuages:

Surah Fussilat Ayahs #43 Translated in Burmese

وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ဧကန်စင်စစ် ငါအရှင်မြတ်၏ အာယတ်တော်များနှင့်စပ်လျဉ်း၍ မူရင်းအဓိပ္ပာယ်မှ သွေဖည်ကာ အမှားမှားအယွင်းယွင်း ကောက်ယူကြသောသူတို့မှာ ငါအရှင်မြတ်အပေါ်၌ ဖုံးကွယ်၍ နေကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ငရဲမီးထဲ၌ပစ်ချခြင်းခံရအံ့သောသူသည် ပို၍မြင့်မြတ်လေသလော။ သို့တည်းမဟုတ် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ပူပင်သောကကင်းစွာ လာရောက်အံ့သောသူသည် ပို၍မြင့်မြတ် လေသလော။ အသင်တို့သည် မိမိတို့အလိုရှိရာကို ကျင့်မူကြလေကုန်။ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ကျင့်မူသမျှတို့ကိုအကြွင်းမဲ့ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။
إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ
စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် 4င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။
لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنْزِيلٌ مِنْ حَكِيمٍ حَمِيدٍ
အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။
مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမှန်ပင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်�ြစ်သောပြစ်ဒဏ်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: