Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #37 Translated in Burmese

وَلَوْلَا أَنْ يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ
စင်စစ်မှာကား အကယ်၍သာ လူခပ်သိမ်းတို့သည် (မိစ္ဆာ)သာသနာဝင် အုပ်စုတစ်စုတည်းသာ ဖြစ်သွားကြရန် အကြောင်းမရှိခဲ့ပါလျှင် အမှန်ပင် ငါအရှင်မြတ်သည် အနန္တ ကရုဏာတော်ရှင်အား သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အဖို့ ၎င်းတို့ နေအိမ်များ၏အမိုးတို့ကို ငွေဖြင့်ပြုလုပ်၍ပေးတော် မူခဲ့မည်သာ၊ ၎င်းပြင် လှေကားများကိုလည်း(ငွေဖြင့်ပြုလုပ်၍ ပေးတော်မူခဲ့မည်သာ၊) ၎င်းတို့သည် ယင်း(လှေကားများဖြင့်) အမိုးများသို့ တက်ကြပေမည်။
وَلِبُيُوتِهِمْ أَبْوَابًا وَسُرُرًا عَلَيْهَا يَتَّكِئُونَ
ထိုမှတစ်ပါး ထိုသူတို့နေအိမ်များ၏ တံခါးများကိုလည်းကောင်း၊ ထိုသူတို့မှီ၍ ထိုင်ကြကုန်သောခုတင်များကို လည်းကောင်း၊ (ငွေဖြင့် ပြုလုပ်၍ ပေးတော်မူခဲ့ပေမည်)။
وَزُخْرُفًا ۚ وَإِنْ كُلُّ ذَٰلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا ۚ وَالْآخِرَةُ عِنْدَ رَبِّكَ لِلْمُتَّقِينَ
ထိုမှတစ်ပါး (ယင်းပစ္စည်းများကို) ရွှေဖြင့်လည်း(ပြုလုပ်၍ပေးတော်မူခဲ့ပေမည်၊) သို့ရာတွင် ထို(ပစ္စည်း) အလုံးစုံတို့မှာ မျက်မှောက်လောကီဘဝ၏ အသုံးအဆောင်မျှသာလျှင် ဖြစ်ကုန်၏။ အမှန်စင်စစ်သော်ကား "အာခိရတ်" တမလွန်ဘဝမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သူတော်စင်တို့အဖို့သာလျှင် ဖြစ်ပေသတည်း။
وَمَنْ يَعْشُ عَنْ ذِكْرِ الرَّحْمَٰنِ نُقَيِّضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ
စင်စစ်သော်ကား မည်သူမဆို အနန္တကရုဏာတော်ရှင်အား အောက်မေ့တသခြင်းကို မမြင်ဟန် မသိဟန်ဆောင်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူ၌ "ရှိုင်တွာန်"မိစ္ဆာကောင်တစ်ကောင်ကို သတ်မှတ်၍ ပေးတော်မူ၏။ ထိုအခါယင်း "ရှိုင်တွာန်" မိစ္ဆာကောင် မှာ ထိုသူ၏အဖော် ဖြစ်သွား၏။
وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
၎င်းပြင် ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်တို့မှာ ထိုသူတို့အား (ဖြောင့်မတ်မှန်ကန်သောတရား) လမ်းမှ ပိတ်ပင်တားဆီးလေ့ရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် မိမိတို့မှာ လမ်းမှန်ကို ရရှိသူများဖြစ်ကြသည် ဟူ၍ပင် ထင်မှတ်လေ့ရှိကြကုန်၏။

Choose other languages: