Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #40 Translated in Burmese

وَمَنْ يَعْشُ عَنْ ذِكْرِ الرَّحْمَٰنِ نُقَيِّضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ
စင်စစ်သော်ကား မည်သူမဆို အနန္တကရုဏာတော်ရှင်အား အောက်မေ့တသခြင်းကို မမြင်ဟန် မသိဟန်ဆောင်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူ၌ "ရှိုင်တွာန်"မိစ္ဆာကောင်တစ်ကောင်ကို သတ်မှတ်၍ ပေးတော်မူ၏။ ထိုအခါယင်း "ရှိုင်တွာန်" မိစ္ဆာကောင် မှာ ထိုသူ၏အဖော် ဖြစ်သွား၏။
وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
၎င်းပြင် ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်တို့မှာ ထိုသူတို့အား (ဖြောင့်မတ်မှန်ကန်သောတရား) လမ်းမှ ပိတ်ပင်တားဆီးလေ့ရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် မိမိတို့မှာ လမ်းမှန်ကို ရရှိသူများဖြစ်ကြသည် ဟူ၍ပင် ထင်မှတ်လေ့ရှိကြကုန်၏။
حَتَّىٰ إِذَا جَاءَنَا قَالَ يَا لَيْتَ بَيْنِي وَبَيْنَكَ بُعْدَ الْمَشْرِقَيْنِ فَبِئْسَ الْقَرِينُ
နောက်ဆုံးတွင် ထိုမသိဟန်ဆောင်သောသူသည် ငါအရှင်မြတ်အထံတော်သို့ ရောက်လေသောအခါ (ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား ဤသို့)ပြောဆိုအံ့၏။ ဪ-ကျွန်ုပ်နှင့် အသင်၏အကြား၌ "အရှေ့" နေထွက်ရာအရပ်နှင့် "အနောက်" နေဝင်ရာအရပ်မျှ ဝေးကွာခဲ့လျှင် ကောင်းလေစွတကား။ စင်စစ်မှာကား ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် လွန်စွာဆိုးယုတ်လှသော အဖော်ဖြစ်၏။
وَلَنْ يَنْفَعَكُمُ الْيَوْمَ إِذْ ظَلَمْتُمْ أَنَّكُمْ فِي الْعَذَابِ مُشْتَرِكُونَ
ထိုမှတစ်ပါး အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသောကြောင့် ယင်း(ယူကျုံးမရဖြစ်ခြင်း) သည် ယနေ့ အသင်တို့အဖို့ အလျှင်းအကျိုးပေးမည် မဟုတ်ပေ။ဧကန်မလွဲ အသင်တို့သည် (ထိုအဖော်များ ဖြစ်ကြသော"ရှိုင်တွာန်" မိစ္ဆာကောင်တို့နှင့်အတူ) ပြစ်ဒဏ်၌ ဖက်စပ်ပါဝင်သူများပင် ဖြစ်ကြကုန်၏။
أَفَأَنْتَ تُسْمِعُ الصُّمَّ أَوْ تَهْدِي الْعُمْيَ وَمَنْ كَانَ فِي ضَلَالٍ مُبِينٍ
သို့ဖြစ်ပေ�ာ(အို-နဗီတမန်တော်) အသင်သည် နားပင်းသူတို့အား (ဓမ္မဩဝါဒကို)ကြားစေနိုင်ပါသလော။ သို့တည်းမဟုတ် အသင်သည် မျက်စိကန်းသူတို့အား လည်းကောင်း၊ ထင်ရှားလှစွာသော လမ်းမှား၌ရှိနေသူတို့အား လည်းကောင်း၊ တရားလမ်းမှန်ကို ညွှန်ပြနိုင်ပါသလော။

Choose other languages: