Quran Apps in many lanuages:

Surah Az-Zamar Ayahs #27 Translated in Burmese

اللَّهُ نَزَّلَ أَحْسَنَ الْحَدِيثِ كِتَابًا مُتَشَابِهًا مَثَانِيَ تَقْشَعِرُّ مِنْهُ جُلُودُ الَّذِينَ يَخْشَوْنَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ اللَّهِ ۚ ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَنْ يَشَاءُ ۚ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို ကြားနာရသောကြောင့် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေသော သူတို့၏အသားအရေတို့မှာ ကြက်သီးမွေးညင်းထလာလေ၏။ ထို့နောက် ထိုသူတို့၏ အသားအရေများသည်လည်းကောင်း၊ ထိုသူတို့၏စိတ်နှလုံးများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရအံ့သောငှာ နူးညံ့သိမ်မွေ့ ပျော့ပျောင်း၍ လာလေတော့၏။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏တရားလမ်းညွှန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်တရားလမ်းညွှန်ဖြင့် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့အားမဆို လမ်းမှား၌ ရှိစေတော်မူပါလျှင် ထိုသူအား မည်သူတစ်ဦးတစ်ယောက်မျှပင် တရားလမ်းမှန်သို့ ပို့ဆောင်သူဟူ၍ မရှိတော့ပြီတကား။
أَفَمَنْ يَتَّقِي بِوَجْهِهِ سُوءَ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَقِيلَ لِلظَّالِمِينَ ذُوقُوا مَا كُنْتُمْ تَكْسِبُونَ
သို့ဖြစ်ပေရာ အကြင်သူသည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ပြင်းထန်သော ပြစ်ဒဏ်များကို မိမိမျက်နှာဖြင့် ကာကွယ်မည်ဖြစ်၏။ ၎င်းပြင် (ထိုကဲ့သို့သော) မတရားပြုလုပ်သူတို့အား "အသင်တို့သည် မိမိတို့ ဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ရသာကို မြည်းစမ်းကြလေကုန်"ဟု ပြောဆိုခြင်း ခံရမည်ဖြစ်၏။ (ထိုကဲ့သို့သော သူတို့နှင့်ပြစ်ဒဏ်မှ လွတ်ကင်းကြသောသူတို့သည် တူကြပါသလော)။
كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ فَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
၎င်းတို့အလျင် ရှိခဲ့ကြသော သူတို့သည်လည်း(အမှန်တရားကို) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့ထံ ၎င်းတို့ မထင်မမြင်ကြသောနည်းဖြင့် ရောက်ရှိ၍ လာခဲ့လေသည်။
فَأَذَاقَهُمُ اللَّهُ الْخِزْيَ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ
တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်ရည် နိမ့်ကြခြင်း၏ရသာကို မြည်းစမ်းစေတော်မူခဲ့၏။ တမလွန်ဘဝ၏ ပြစ်ဒဏ်သည် အမှန်ပင် သာ၍ကြီးမားလေးလှပေသည်။ ၎င်းတို့သည်(ဤသည်ကို) သိကြပါလျှင် ကောင်းစွ။
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့အဖို့ ၎င်းတို့ တရားရကြအံ့သောငှာ အလုံးစုံသော ဥပမာပုံဆောင် ချက်များကို ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။

Choose other languages: