Quran Apps in many lanuages:

Surah Az-Zamar Ayahs #21 Translated in Burmese

وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ
သို့ရာတွင် မဟုတ်မမှန်သော ကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်ခြင်းမှ ဝေးစွာကြဉ်ရှောင်ခဲ့ကြ၍ အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ခဲ့ကြသောသူတို့အဖို့မှာကား ဝမ်းမြောက်ဖွယ်ရာ သတင်းရှိ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ငါအရှင်မြတ်၏ အကြင်ကျွန်တို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကို ပြောကြားပါလေ။
الَّذِينَ يَسْتَمِعُونَ الْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُ ۚ أُولَٰئِكَ الَّذِينَ هَدَاهُمُ اللَّهُ ۖ وَأُولَٰئِكَ هُمْ أُولُو الْأَلْبَابِ
ထိုကျွန်တို့သည် (ဤ)အာယတ်တော်ကို အာရုံစိုက်၍ နားထောင်ကြကုန်၏။ ထို့နောက် ထိုအာယတ်တော်၏အကောင်းဆုံးသော အချက်များကို လိုက်နာကြကုန်၏။ ထိုသူတို့ကား အကြင်သူတို့ပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ ထိုမှတစ်ပါး ထိုသူတို့သည်ပင်လျှင် ဉာဏ်ရှင်များ ဖြစ်ကြကုန်သတည်း။
أَفَمَنْ حَقَّ عَلَيْهِ كَلِمَةُ الْعَذَابِ أَفَأَنْتَ تُنْقِذُ مَنْ فِي النَّارِ
(အို-နဗီတမန်တော်) ပြစ်ဒဏ်စီရင်မှု အမိန့်တော် အတည်ဖြစ်ခဲ့သောသူအား(အသင်သည် အကျိုးပြုနိုင်ပါသလော)။ အသို့ပါနည်း၊ အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။ (တစ်နည်း) အကြင်သူသည် ထိုသူ၏အပေါ်၌ ပြစ်ဒဏ်စီရင်မှု အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ၊ သို့ပါလျက် (အို-နဗီတမန်တော်၊) အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။
لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ غُرَفٌ مِنْ فَوْقِهَا غُرَفٌ مَبْنِيَّةٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ الْمِيعَادَ
သို့ရာတွင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့သောသူတို့အဖို့မှာမူကား မြင့်စွင့်သောအဆောင်များ ရှိနေကြပေသည်။ ယင်း မြင့်စွင့်သောအဆောင်များထက်ဝယ် (အခြား) ပြုလုပ်တည်ဆောက်ထားသော မြင့်စွင့်သောအဆောင်များ ရှိကြပေသည်။ ယင်းမြင့်စွင့်သောအဆောင်များအောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ကတိကို ဖောက်ဖျက်တော်မူသည် မဟုတ်ပေတကား။
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَلَكَهُ يَنَابِيعَ فِي الْأَرْضِ ثُمَّ يُخْرِجُ بِهِ زَرْعًا مُخْتَلِفًا أَلْوَانُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَجْعَلُهُ حُطَامًا ۚ إِنَّ فِي ذَٰلِكَ لَذِكْرَىٰ لِأُولِي الْأَلْبَابِ
(အို-မနုဿလူသား) အသင်သည် မမြင်ခဲ့လေသလော။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေကို မြေ၌ရှိသောရေကြောများဝယ် ဝင်သွားစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုရေဖြင့် အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူ၏။ ထို့နောက် ယင်းကောက်ပဲသီးနှံမှာ သွေ့ခြောက်၍သွားလေသောအခါ အသင်သည် ယင်းကောက်ပဲသီးနှံများ ဝါ၍နေသည်ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ထိုကောက်ပဲသီးနှံကို အစိတ်စိတ်အမြွာမြွာ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌ ဉာဏ်ရှင်တို့အဖို့ အဆုံးအမသည် အမှန်ပင် ဖြစ်ပေသည်။

Choose other languages: