Quran Apps in many lanuages:

Surah Az-Zamar Ayahs #20 Translated in Burmese

لَهُمْ مِنْ فَوْقِهِمْ ظُلَلٌ مِنَ النَّارِ وَمِنْ تَحْتِهِمْ ظُلَلٌ ۚ ذَٰلِكَ يُخَوِّفُ اللَّهُ بِهِ عِبَادَهُ ۚ يَا عِبَادِ فَاتَّقُونِ
၎င်းတို့သည် ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသော အမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်း(မီးဖြင့်ပြီးသော) အခင်းများရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ပြစ်ဒဏ်ကို ကြောက်ရွံ့စေတော်မူ၏။ သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ
သို့ရာတွင် မဟုတ်မမှန်သော ကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်ခြင်းမှ ဝေးစွာကြဉ်ရှောင်ခဲ့ကြ၍ အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ခဲ့ကြသောသူတို့အဖို့မှာကား ဝမ်းမြောက်ဖွယ်ရာ သတင်းရှိ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ငါအရှင်မြတ်၏ အကြင်ကျွန်တို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကို ပြောကြားပါလေ။
الَّذِينَ يَسْتَمِعُونَ الْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُ ۚ أُولَٰئِكَ الَّذِينَ هَدَاهُمُ اللَّهُ ۖ وَأُولَٰئِكَ هُمْ أُولُو الْأَلْبَابِ
ထိုကျွန်တို့သည် (ဤ)အာယတ်တော်ကို အာရုံစိုက်၍ နားထောင်ကြကုန်၏။ ထို့နောက် ထိုအာယတ်တော်၏အကောင်းဆုံးသော အချက်များကို လိုက်နာကြကုန်၏။ ထိုသူတို့ကား အကြင်သူတို့ပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ ထိုမှတစ်ပါး ထိုသူတို့သည်ပင်လျှင် ဉာဏ်ရှင်များ ဖြစ်ကြကုန်သတည်း။
أَفَمَنْ حَقَّ عَلَيْهِ كَلِمَةُ الْعَذَابِ أَفَأَنْتَ تُنْقِذُ مَنْ فِي النَّارِ
(အို-နဗီတမန်တော်) ပြစ်ဒဏ်စီရင်မှု အမိန့်တော် အတည်ဖြစ်ခဲ့သောသူအား(အသင်သည် အကျိုးပြုနိုင်ပါသလော)။ အသို့ပါနည်း၊ အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။ (တစ်နည်း) အကြင်သူသည် ထိုသူ၏အပေါ်၌ ပြစ်ဒဏ်စီရင်မှု အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ၊ သို့ပါလျက် (အို-နဗီတမန်တော်၊) အသင်သည် ငရဲမီး၌ရှိသူအား လွတ်မြောက်စေနိုင်ပါသလော။
لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ غُرَفٌ مِنْ فَوْقِهَا غُرَفٌ مَبْنِيَّةٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ الْمِيعَادَ
သို့ရာတွင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့သောသူတို့အဖို့မှာမူကား မြင့်စွင့်သောအဆောင်များ ရှိနေကြပေသည်။ ယင်း မြင့်စွင့်သောအဆောင်များထက်ဝယ် (အခြား) ပြုလုပ်တည်ဆောက်ထားသော မြင့်စွင့်သောအဆောင်များ ရှိကြပေသည်။ ယင်းမြင့်စွင့်သောအဆောင်များအောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ကတိကို ဖောက်ဖျက်တော်မူသည် မဟုတ်ပေတကား။

Choose other languages: