Quran Apps in many lanuages:

Surah Az-Zamar Ayahs #18 Translated in Burmese

قُلِ اللَّهَ أَعْبُدُ مُخْلِصًا لَهُ دِينِي
(အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အလ္လာဟ်အရှင်မြတ်အားသာလျှင် မိမိဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်မြတ်အဖို့ စေတနာဖြူစင်စွာ ဆည်းကပ်ကိုးကွယ်သည်။
فَاعْبُدُوا مَا شِئْتُمْ مِنْ دُونِهِ ۗ قُلْ إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား စွန့်လွှတ်၍ မိမိတို့အလိုရှိရာကို ဆည်းကပ်ကိုးကွယ် ကြလေကုန်။ ဧကန်မလွဲ မိမိတို့ကိုယ်တိုင်နှင့် ပတ်သက်၍လည်းကောင်း၊(မိမိတို့အိမ်သူအိမ်သားများနှင့် ပတ်သက်၍လည်းကောင်း၊) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆုံးရှုံးကြသောသူတို့သည် သာလျှင်(လုံးဝ)ဆုံးရှုံးသူများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။ ဤသည်သာလျှင် ထင်ရှားလှစွာသော ဆုံးရှုံးမှုပင်။
لَهُمْ مِنْ فَوْقِهِمْ ظُلَلٌ مِنَ النَّارِ وَمِنْ تَحْتِهِمْ ظُلَلٌ ۚ ذَٰلِكَ يُخَوِّفُ اللَّهُ بِهِ عِبَادَهُ ۚ يَا عِبَادِ فَاتَّقُونِ
၎င်းတို့သည် ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသော အမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်း(မီးဖြင့်ပြီးသော) အခင်းများရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ပြစ်ဒဏ်ကို ကြောက်ရွံ့စေတော်မူ၏။ သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ
သို့ရာတွင် မဟုတ်မမှန်သော ကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်ခြင်းမှ ဝေးစွာကြဉ်ရှောင်ခဲ့ကြ၍ အလ္လာဟ်အရှင်မြတ်ဖက်သို့ လှည့်ခဲ့ကြသောသူတို့အဖို့မှာကား ဝမ်းမြောက်ဖွယ်ရာ သတင်းရှိ၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ငါအရှင်မြတ်၏ အကြင်ကျွန်တို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကို ပြောကြားပါလေ။
الَّذِينَ يَسْتَمِعُونَ الْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُ ۚ أُولَٰئِكَ الَّذِينَ هَدَاهُمُ اللَّهُ ۖ وَأُولَٰئِكَ هُمْ أُولُو الْأَلْبَابِ
ထိုကျွန်တို့သည် (ဤ)အာယတ်တော်ကို အာရုံစိုက်၍ နားထောင်ကြကုန်၏။ ထို့နောက် ထိုအာယတ်တော်၏အကောင်းဆုံးသော အချက်များကို လိုက်နာကြကုန်၏။ ထိုသူတို့ကား အကြင်သူတို့ပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ ထိုမှတစ်ပါး ထိုသူတို့သည်ပင်လျှင် ဉာဏ်ရှင်များ ဖြစ်ကြကုန်သတည်း။

Choose other languages: