Quran Apps in many lanuages:

Surah At-Tawba Ayahs #78 Translated in Burmese

يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِنْ فَضْلِهِ ۚ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ ۖ وَإِنْ يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِنْ وَلِيٍّ وَلَا نَصِيرٍ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခ�ားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။
وَمِنْهُمْ مَنْ عَاهَدَ اللَّهَ لَئِنْ آتَانَا مِنْ فَضْلِهِ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ الصَّالِحِينَ
၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား(ဤသို့)ပဋိညာဉ် ပေးခဲ့ကြလေသည်။ အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (မိမိ၏ကျေးဇူးတော်ဖြင့်)(ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင်သူတော်ကောင်းတို့တွင် မုချ ပါဝင်ကြပါမည်။
فَلَمَّا آتَاهُمْ مِنْ فَضْلِهِ بَخِلُوا بِهِ وَتَوَلَّوْا وَهُمْ مُعْرِضُونَ
တဖန် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူသောအခါ၊ ၎င်းတို့သည်ကျေးဇူးတော်ကို(ပေးကမ်းလှူဒါန်းခြင်းမပြုဘဲ)စေးနှဲကြကုန်၏။ထို့ပြင် ၎င်းတို့သည် မျက်နှာ လွှဲဖယ် ကျောခိုင်းခဲ့ကြလေသည်။စင်စစ်သော်ကား ၎င်းတို့သည် တိမ်းရှောင်လေ့ရှိကြသူများပင်ဖြစ်ကြကုန်သတည်း။
فَأَعْقَبَهُمْ نِفَاقًا فِي قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُ بِمَا أَخْلَفُوا اللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا يَكْذِبُونَ
သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများတွင် ထိုအရှင်မြတ်နှင့်ထိုသူများ တွေ့ဆုံကြမည့်နေ့တိုင်အောင် နိဖာက် (မုစ်လင်မ်အရေခြုံမှု)ကို (ထည့်သွင်းတော်မူခြင်းအားဖြင့်) ၎င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့ ပေးခဲ့ကြသောကတိဝန်ခံချက်ကို ဖောက်ခဲ့ကြသည့်ပြင်၊ မုသားပြောဆိုလေ့ ရှိခဲ့ကြသောကြောင့်ပင်။
أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။

Choose other languages: