Quran Apps in many lanuages:

Surah At-Tawba Ayahs #50 Translated in Burmese

وَلَوْ أَرَادُوا الْخُرُوجَ لَأَعَدُّوا لَهُ عُدَّةً وَلَٰكِنْ كَرِهَ اللَّهُ انْبِعَاثَهُمْ فَثَبَّطَهُمْ وَقِيلَ اقْعُدُوا مَعَ الْقَاعِدِينَ
စင်စစ်တမူကား အကယ်၍သာ ၎င်းတို့သည်(အသင်တို့နှင့်အတူ စစ်တလင်းသို့) ထွက်ကြရန် ရည်စူးခဲ့ကြပါလျင်၊ မုချဧကန် ၎င်းတို့သည် ထွက်ရန်အလို့ငှာ တစ်စုံတစ်ရာပြင်ဆင်မှု အသင့်ပြုလုပ်ထားရှိ ကြပေမည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (စစ်တလင်းသို့လိုက်ပါ) သွားခြင်းကို မနှစ်မြို့တော်မူခဲ့ချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား နေမြဲနေစေတော်မူခဲ့လေသည်။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်အထံတော်မှ ထိုသူတို့အား) အသင်တို့သည် ကျန်ရစ်ခဲ့သောသူတို့နှင့်အတူ၊ ထိုင်၍ ပင် ကျန်ရစ်ခဲ့ကြလေကုန် ဟု အမိန့်ရှိခဲ့လေသတည်း။
لَوْ خَرَجُوا فِيكُمْ مَا زَادُوكُمْ إِلَّا خَبَالًا وَلَأَوْضَعُوا خِلَالَكُمْ يَبْغُونَكُمُ الْفِتْنَةَ وَفِيكُمْ سَمَّاعُونَ لَهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
အကယ်၍ ထိုသူတို့သည် အသင်တို့တွင် ပါဝင်၍ ထွက်ခဲ့ကြသည်ရှိသော် ၎င်းတို့သည် ပျက်စီးရာပျက်စီးကြောင်းမှအပ အသင်တို့၌ မည်သည့်တစ်စုံတစ်ရာကိုမျှတိုးပွားစေ�ဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်မုချ ထိုသူတို့သည် အသင်တို့အကြားတွင် အနှောင့်အယှက်ဖြစ်စေရန်လူးလာပြန်ခတ် သွားချေလာချေ ပြုလုပ်ကြမည်သာတည်း။ထို့ပြင် (ယခုလည်း) အသင်တို့တွင် ၎င်းတို့၏ သတင်းထောက်လှမ်းသူများ (သူလျှိုများ) ရှိကြကုန်၏။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် မတရားမှုပြုသော သူတို့အားကောင်းစွာ သိရှိတော်မူပေသတည်း။
لَقَدِ ابْتَغَوُا الْفِتْنَةَ مِنْ قَبْلُ وَقَلَّبُوا لَكَ الْأُمُورَ حَتَّىٰ جَاءَ الْحَقُّ وَظَهَرَ أَمْرُ اللَّهِ وَهُمْ كَارِهُونَ
ဧကန်စင်စစ် ၎င်းတို့သည် ယခင်ကလည်း(အသင်တို့အား အုဟုဒ် အစရှိသော စစ်ပွဲများတွင်) အနှောင့်အယှက် ဖြစ်စေခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် [အသင်၏အရေးကိစ္စများကို ကပြောင်းကပြန် ပြုလုပ်ခဲ့ကြလေသည်။]နောက်ဆုံးတွင်မူ ၎င်းတို့မနှစ်မြို့ကြသော်လည်း အမှန်တရားသည် ရောက်လာခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်လည်း ထင်ရှားလာခဲ့လေသတည်း။
وَمِنْهُمْ مَنْ يَقُولُ ائْذَنْ لِي وَلَا تَفْتِنِّي ۚ أَلَا فِي الْفِتْنَةِ سَقَطُوا ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
၎င်းပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖစ်က်)တို့ တွင်ကျွန်ုပ်အား (စစ်တလင်းသို့ မလိုက်ပါပဲ အိမ်တွင် နေရစ်ခဲ့ရန်)ခွင့်ပေးပါ၊ ထို့ပြင် အသင်သည် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်ဟူ၍ ပြောဆိုသူလည်း ရှိပေသေး၏။ ၎င်းတို့သည် ပျက်စီးမှု၌ကျဆင်းခဲ့ပြီး ဖြစ်ကြသည်ကို (အသင်တို့သည်) ကောင်းစွာမှတ်ယူ ကြလေကုန်။ ထိုမှတစ်ပါး(နောင်တမလွန်ဘဝတွင်လည်း) ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အား ဝန်းရံလျက် ရှိချေအံ့သတည်း။
إِنْ تُصِبْكَ حَسَنَةٌ تَسُؤْهُمْ ۖ وَإِنْ تُصِبْكَ مُصِيبَةٌ يَقُولُوا قَدْ أَخَذْنَا أَمْرَنَا مِنْ قَبْلُ وَيَتَوَلَّوْا وَهُمْ فَرِحُونَ
အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစ်စုံတစ်ရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည်မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည် ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့် သွားလေ့ ရှိကြကုန်သတည်း။

Choose other languages: