Quran Apps in many lanuages:

Surah At-Tawba Ayahs #15 Translated in Burmese

فَإِنْ تَابُوا وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ فَإِخْوَانُكُمْ فِي الدِّينِ ۗ وَنُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။
وَإِنْ نَكَثُوا أَيْمَانَهُمْ مِنْ بَعْدِ عَهْدِهِمْ وَطَعَنُوا فِي دِينِكُمْ فَقَاتِلُوا أَئِمَّةَ الْكُفْرِ ۙ إِنَّهُمْ لَا أَيْمَانَ لَهُمْ لَعَلَّهُمْ يَنْتَهُونَ
တစ်ဖန်အကယ်၍ ထိုသူတို့သည် ကတိသစ္စာထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန် သောကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ဒီန်သာသနာနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ(အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင် အသင်တို့သည် ကုဖ်ရ်မယုံမကြည်သွေဖည်ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ကတိသစ္စာများမရှိကြတော့ပြီ။
أَلَا تُقَاتِلُونَ قَوْمًا نَكَثُوا أَيْمَانَهُمْ وَهَمُّوا بِإِخْرَاجِ الرَّسُولِ وَهُمْ بَدَءُوكُمْ أَوَّلَ مَرَّةٍ ۚ أَتَخْشَوْنَهُمْ ۚ فَاللَّهُ أَحَقُّ أَنْ تَخْشَوْهُ إِنْ كُنْتُمْ مُؤْمِنِينَ
အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။
قَاتِلُوهُمْ يُعَذِّبْهُمُ اللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنْصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍ مُؤْمِنِينَ
အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။
وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ اللَّهُ عَلَىٰ مَنْ يَشَاءُ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် ထိုအရှင်မြတ်သည် ထို(သက်ဝင်ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်းပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့်ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

Choose other languages: